Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုင်ကလုန်း မုန်တိုင်းကြောင့် အိန္ဒိယ အရှေ့ပိုင်းမှာ ၆ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဓာတ်အား ပြတ်တောက်မှုတွေနဲ့ တခြား ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

အိန္ဒိယနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဓာတ်အား ပြတ်တောက်မှုတွေနဲ့ တခြား ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆိုင်ကလုန်း အာနက်ဘ်ဟာ အောက်တိုဘာ ၂၈ ရက်နေ့တုန်းက အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ် ကမ်းရိုးတန်းကို ဖြတ်သန်း တိုက်ခတ်သွားခဲ့တာပါ။ ပြည်နယ် အစိုးရက မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်ကို ၆ ဦးလို့ တရားဝင် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ Times of India သတင်းဌာနကတော့ မုန်တိုင်းကြောင့် ဓာတ်လိုက်လို့၊ သစ်ပင်ပိလို့၊ အိမ်ပြိုလို့ သေဆုံးသူ စုစုပေါင်း ၉ ဦးထိ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

အာနက်ဘ်ကို အိန္ဒိယ မိုးလေဝသ ဌာနက တတိယ အားအပြင်းဆုံးအဆင့် ဆိုင်ကလုန်း တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အောက်တိုဘာ ၂၈ ရက် မနက်အစောပိုင်းက ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ပြည်နယ်အနှံ့မှာ ဓာတ်တိုင်ပေါင်း ၁၅၀၀၀ လောက် ထိခိုက်ခဲ့၊ ပြိုလဲခဲ့တယ်လို့ အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ် ဝန်ကြီးချုပ် အန်ချန်ဒရာဘာဘူ နိုင်ဒူက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းတိုက်ခတ်ပြီး ၂၄ နာရီ အကြာမှာတော့ အနောက်ဂိုဒါဗာရီနဲ့ ကွန်နာဆင်မ် ခရိုင်တွေကလွဲပြီး ဒေသ အများစုမှာ ဓာတ်အားပြန်ရနေပြီလို့လည်း သိရပါတယ်။

နည်းပညာပိုင်း အဆင့်မြင့်လာမှုတွေကြောင့် အစိုးရက မုန်တိုင်းဒဏ် အဆိုးဆုံး ခံရတဲ့ ဒေသတွေကို မြန်မြန်ဆန်ဆန် အတည်ပြုနိုင်ခဲ့ပြီး အသက်အိုးအိမ် စည်းစိမ် ထိခိုက်မှုတွေကို လျှော့ချနိုင်ခဲ့ကြောင်း နိုင်ဒူက ဆိုပါတယ်။

မုန်တိုင်း မဝင်ရောက်ခင် ကတည်းက အန်ဒ်ဟရာ ပရာဒက်ရှ်နဲ့ အိမ်နီချင်း ဩရိသ ပြည်နယ်တွေမှာ လူပေါင်း ၁၈၀၀၀၀ ကျော်ကို တာဝန်ရှိသူတွေက ကြိုတင် ရွှေ့ပြောင်းပေးထားခဲ့ပါတယ်။ ပြီးတော့ ကျောင်းတော်တော်များများကို ပိတ်ထားပြီး လေကြောင်းခရီးစဉ်တွေနဲ့ ရထားပြေးဆွဲမှုတွေကိုပါ ဆိုင်းငံ့ထားစေခဲ့ပါတယ်။

အာနက်ဘ် ဖွဲ့စည်းဖြစ်ပေါ်ခဲ့ရာ ဘင်္ဂလား ပင်လယ်အော်ဟာ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတွေ အများဆုံး ပေါ်ပေါက်လေ့ရှိတဲ့ ဇုန်ဒေသ တစ်ခုဖြစ်ပြီး နှစ်စဉ်လိုလို အဲဒီရေပြင်က မုန်တိုင်းတွေဟာ အိန္ဒိယ အရှေ့ဖက် ကမ်းခြေကို ဝင်ရောက်တိုက်ခတ်လေ့ ရှိပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် အိန္ဒိယနိုင်ငံ အရှေ့ဖက် ကမ်းခြေမှာ လူပေါင်း သောင်းနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယက ဘာသာရေး ပွဲတော်တစ်ခုမှာ လူအများ တိုးဝှေ့ကြ၊ အချင်းချင်း နင်းမိကြလို့ ၁၇ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် အများအပြား ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

တားမြစ်ထားတဲ့ နေရာကို ဖြတ်သန်းဝင်ရောက်မှုအတွက် အိန္ဒိယ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပိုင်းနှစ်ဦး ထောင် ၅ ရက်စီ ကျသွားကြောင်း သိရပါတယ်။