Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ပေါ်မှာ ဆေးကြောင်နေသူက သေနတ်ပြခြိမ်း‌ခြောက်လို့ ဒေသခံတွေဝိုင်းဖမ်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

Screenshot

ဇူလိုင်-၂၃၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

ဒီဖြစ်ရပ်ကလားရှိုးမြို့ရပ်ကွက်(၈)မှာ ဇူလိုင်လ ၂၂ရက် နေခင်းပိုင်းကဖြစ်ပွားခဲ့တာပါ။အိမ်စီးကားမောင်းလာတဲ့အမျိုးသားတစ်ဦးကဆေးကြောင်ပြီး သေနတ်ပြ ခြိမ်းခြောက်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ပစ္စတိုမှတ်တယ်။ထုတ်ပြီးခြိမ်းခြောက်တာ။ ကျွန်​တော်တို့ကအနားမကပ်ရဲဘူး။ ပစ်ရင်လည်း ထိကုန်မှာ။ တော်သေးတာကအဲဒီလူ ဆေးတော်တော်ကွဲနေတာ။ ရဲကို လှမ်းခေါ်တော့ ရဲတောင် မကပ်ရဲလို့ ဒေသခံတွေ ဝိုင်းဖမ်းရတယ်”လို့ က​ဒေသခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်ပစ်ခတ်မှုမဖြစ်ပွားခဲ့ပေမယ့် ဒေသခံတွေက ဝိုင်းပြီးဖမ်းဆီးချိန်မှာ ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ရဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေဟာ ကြောက်စရာကောင်းနေပြီလို့ မြို့ခံတွေကပြောပါတယ်။စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေတောင် လားရှိုးမြို့မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာရေးသားပြောဆိုနေကြပါတယ်။

ဇူလိုင်လ၁၉ရက်ညနေကလည်းလားရှိုးမြို့ရပ်ကွက်(၁‌၀)ထဲက စတိုးဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်သူတွေက ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုသတ်ဖြတ်သွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်းတရားခံဖမ်းမိခြင်းမရှိသေးပါဘူး။

လားရှိုးမြို့ဟာ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်းမှာ ကိုးကန့်တပ်(MNDAA) နဲ့မဟာမိတ်တပ်​တွေက ၂၀၂၄ သြဂုတ်လမှာသိမ်းယူခဲ့ပါတယ်။တရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှုနဲ့ MNDAAက ကျည်တချက်မ​ဖောက်ပဲ ၂၀၂၅ ဧပြီလမှာ စစ်တပ်ကိုပြန်လွှဲ​ပေးခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းလားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေ မကြာခဏဖြစ်နေပြီးတရားခံပများစုဖမ်းမမိဘူးလို့​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။