Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့ကို စစ်တပ်က တိုက်လေယာဉ်အုပ်စုနဲ့ ဗုံးကြဲနေ

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

(ဆင်ဖြူရှင်စစ်ဆင်ရေးသရုပ်ပြနေစဉ်အတွင်း စစ်တပ်သုံး ဖိုက်တာဂျက်လေယာဉ် ၂ စင်း ဗုံးကြဲချနေတာကို ၂၀၁၈ ဖေဖော်ဝါရီ ၂၈ရက် က တွေ့ရစဉ်။ ဓာတ်ပုံ-EPA)

သြဂုတ် ၃၊ ၂၀၂၆/People’s Spring

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

ဒီကနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က စတင်ပြီး Jet တိုက်လေယာဉ်တွေနဲ့ ယခုအချိန်အထိ အုပ်စုလိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လျက်ရှိတယ်လို့ AA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ ဖြစ်စဉ်များကိုလည်း ဆက်လက်ထုတ်ပြန် ပေးသွားမယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ရက်ကလည်း သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို ဂျက်ဖိုက်တာ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် လူသေဆုံးမှု ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့