Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ်က စစ်တပ်ရဲ့ခြေကုပ်စခန်း ၁ခု KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းတွေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ် ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ် ၃ရက်က ရွှေဘုန်းမြင့်စခန်းကို သိမ်းနိုင်ခဲ့တာဖြစ်ပြီး စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာကိုလည်း ဟန့်တားနိုင်ခဲ့ကြောင်း အသိပေးပါတယ်။

“ မနေ့က လက်နက်ခဲယမ်းရတယ်။ ဒီနေ့ နေ့လည် ၁၂နာရီမှ လက်နက်ကြီး အသံတိတ်တယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ဒေသတိုက်ပွဲ အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ် သိမ်းရခဲ့တဲ့ တပ်စခန်းဟာ အရေးပါတဲ့ စစ်တပ်အခြေကုတ်စခန်းနေရာဖြစ်တယ်လို့ ပြောပါတယ်။

KIA ပူးပေါင်းတပ် အနေနဲ့ အလားတူ စစ်ဆင်ရေးမျိုး ဖြေးဖြေးမှန်မှန် ဆက်လက်ဖော်ဆောင်သွားရန်ရှိတယ်လို့လည်း ပြောပါတယ်။

“တောကိုအခြေခံ မြို့ကို၀ိုင်း ရန်သူက မြို့မှာ ပိတ်မိနေတဲ့ သဘော” ပေါ့လို့ လက်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖော်ဆောင်နေတဲ့ စစ်ရေးဗျူဟာ အခြေအနေကို ကချင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကချင်ဒေသက ဆုံးရှုံးနယ်မြေတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ရွှေကူမြို့နယ်မှာ မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ခေါင်လန်ဖူးမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်တွေမှာလည်း KIAနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။