Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းတိုင်းက PDF ရဲဘော်တွေရဲ့ ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှု

တောင်ပိုင်းတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ PDF ရဲဘော်တွေက စစ်ဒဏ်ကြောင့်ပျက်စီးနေတဲ့ စာသင်ကျောင်းတစ်ခုအတွင်းမှာ (၃၈)နှစ်မြောက် ရှစ်လေးလုံး ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (သြဂုတ် ၈) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring

တောင်ပိုင်းတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ PDF ရဲဘော်တွေက စစ်ဒဏ်ကြောင့်ပျက်စီးနေတဲ့ စာသင်ကျောင်းတစ်ခုအတွင်းမှာ (၃၈)နှစ်မြောက် ရှစ်လေးလုံး ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (သြဂုတ် ၈) ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို တောင်ပိုင်းတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Cobra Column ၊ Justice Soldier၊ Venom စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း စတဲ့ စစ်ကြောင်း ၄ဖွဲ့မှ ရဲဘော်တွေ၊ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့၊ Revography Team၊ တော်လှန်ထောက်ပို့တွေ စတဲ့ တော်လှန်ရေး အင်အားစုတွေက ပြုလုပ်ခဲ့တာပါ။

PDF ရဲဘော်တွေက “အကြောက်တရားမှလွတ်မြောက်ခြင်း” စာသားနဲ့ ၈ သင်္ကေတ ထီးတွေကို အသုံးပြုပြီး ရှစ်လေးလုံး ထီးသပိတ်လှုပ်ရှားမှုအဖြစ် လုပ်ဆောင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကျည်ဒဏ်၊ ဗုံးဒဏ်တွေကြား ပျက်စီးခဲ့ရတဲ့ ဒီစာသင်ကျောင်းခန်းတွင်း လှုပ်ရှားမှုကတဆင့် ကျောင်းသားလူငယ်မျိုးဆက်အဆက်ဆက်တို့ရဲ့ ရဲရဲတောက် ဒီမိုကရေစီတော်လှန်ရေးစိတ်ဓာတ်ကို လေးစားဂုဏ်ပြုရင်း ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း PDF ရဲဘော်တွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။