Connect with us

Hi, what are you looking for?

သတင်း

ရေကြည်နဲ့သာ​ပေါင်းမှာတိုက်ပွဲပြင်းထန် စစ်တပ်စစ်​ကြောင်း​တွေတပ်လန်ဆုတ်​ပြေး

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

(ဩဂုတ် ၁၂ ရက်တိုက်ပွဲ​တွေမှာ စစ်တပ်ထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေနဲ့အ​လောင်းအချို့ ။ဓါတ်ပုံ-AA Infodesk)

သြဂုတ်-၁၃၊၂၀၂၆။​နေ့သစ်/People’s Spring

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ် နဲ့ သာပေါင်းမြို့နယ်တို့မှာ သြဂုတ် ၁၂ ရက်​နေ့မှာ ​နေရာငါး​နေရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်စစ်​ကြောင်း​တွေတပ်လန်ကျသွား လက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်​တော်ကထုတ်ပြန်ပါတယ် ။

​ဧရာဝတီတိုင်း​လေးမျက်နှာမြို့နယ်မှာ ဇူလိုငလကုန်ပိုင်းကစပြီး​ရေကြီး​နေတာဖြစ်ပါတယ်။ ရေကြီး​နေတဲ့ကြားက စစ်တပ်က AA တပ်​တွေရှိရာကို ထိုးစစ်ဆင်တာ​ကြောင့်တိုက်ပွဲ​တွေပြင်းထန်ခဲ့တာဖြစ်ပါတယ် ။

ဩဂုတ်(၁၂) ရက်နေ့မှာသာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁၀၁) တပ်ရင်း နဲ့ အာရက္ခတပ်တော်တို့ဟာသာပေါင်းကလေးရွာ အရှေ့ဘက် မီတာ (၁၀၀၀) ခန့်အကွာမှာသုံးနာရီခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်။နံနက် ၆ နာရီ ၅၃ မိနစ်မှာ နံနက် ၉ နာရီ ၅၃မိနစ်အထိတိုက်ပွဲ ဖြစ်ခဲ့ရာစစ်တပ်ကလေကြောင်း၊ဒရုန်း ၊လက်နက်ကြီးပစ်ကူတို့ကို အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်​ပေမယ့်AA စစ်သည်တော်​တွေကအကောင်းဆုံး ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်စစ်​ကြောင်း ​သေဆုံးထိခိုက်သူများစွာနဲ့ တပ်လန် ထွက်ပြေး ဆုတ်ခွာသွားတယ်လို့ AA ကအသိ​ပေးပါတယ်။ AA တပ်ဖွဲ့ဝင်​တွေက လိုက်လံရှင်းလင်းခဲ့ရာအလောင်းအချို့နဲ့ လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိတယ်လို့​ဖော်ပြထားပါတယ် ။

Public Service Announcement

Public Service Announcement

အလားတူ ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာတဲ့တပ်မ(၆၆)လက်အောက်ခံ၊ ခလရ(၁) ၊(၁၁)တပ်ရင်း​တွေနဲ့ AAစစ်ကြောင်းအချို့ဟာပွိုင့် (၁၀၁) ကုန်းရဲ့ တောင်ဘက် ၃၇၃ မီတာအကွာမှာ နံနက် ၇ နာရီ မှ မွန်းလွဲ၂နာရီ ၃၉ မိနစ်အထိ ၇ နာရီ​ကျော်ကြာတိုက်ပွဲ ဖြစ်ခဲ့ပါတယ် ။ဒါ့အပြင်ပွိုင့် (၁၀၁)ကုန်းရဲ့ အနောက်တောင်ဘက် (၁.၁၃) ကီလိုမီတာခန့် အကွာမှာလည်း နံနက်၉ နာရီ ၂၄ မိနစ်မှ မွန်းလွဲ ၁ နာရီ (၄၀) မိနစ် အထိ ​လေးနာရီ​ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အလားတူ မလှမ်းမကမ်းနေရာ ၂ ခုမှာလည်း စစ်တပ်က အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်​တွေရှိရနေရာ​တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲ​တွေဖြစ်ခဲ့ပါတယ်။

စစ်တပ်က ဂျက်တိုက်​လေယာဥ်၊ Y12 ၊ ဒရုန်းနဲ့လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်း​တွေဖြန့်ခွဲပြီး​တော့အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့​ပေမယ့်အာရက္ခတပ်​တော်က အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့တာ​ကြောင့် စစ်သားအလောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းဓါတ်ပုံနဲ့တကွ​ဖော်ပြပါတယ် ။

စစ်တပ်ရဲ့ထိုးစစ်တိုင်းကို တည်ငြိမ်စွာခုခံစစ်ဆင်နွှဲရင်း စစ်​ကြောင်း​တွေတပ်လန်သွားတဲ့အထိ ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ AA စစ်သည်တော်​တွေကိုအာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြု​ကြောင်းလည်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က အာရက္ခပြည်အတွင်းကို ထိုးဖောက်ဝင်ရောက် နိုင်ဖို့အာရက္ခဒေသနဲ့ထိစပ်​နေတဲ့ ဧရာဝတီတိုင်း၊ပဲခူးတိုင်း ၊မ​ကွေးတိုင်း၊ ချင်းပြည်နယ်တို့မှနယ်မြေထိစပ်နေတဲ့နေရာ​တွေက ထိုးစစ်ဆင်တိုက်ခိုက်တာ​တွေကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် လုပ်​နေတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိလာခဲ့​ပေမယ့် ​ရှေ့မတိုးနိုင်ခဲ့တာဖြစ်ပါတယ် ။

​ကျောက်ဖြူမြို့နယ်ရှိ ​တောင်​မော်ဦး​ရေတပ်စခန်းကစစ်တပ်ရဲ့​နောက်ဆုံးကာကင်းစလန်းကို AA တပ်ဖွဲ့ဝင်​တွေက အခုရင်ပိုင်းတိုက်ခိုက်​နေပြီး တိုက်ပွဲပြင်းထန်​နေကာစစ်တပ်အထိနာ​နေတယ်လို့ စစ်​ရေးရင်းမြစ်အချို့က လူထု​နွေဦးကို​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။