Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်နှစ်အတွင်း ကျားဖြန့်လုပ်ငန်း ၇၀၀ ကျော်ကို ဖြိုခွင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား ထုတ်ပြန်

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ ကျားဖြန့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ နာမည်ဆိုး အထွက်ဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဩဂုတ် ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အဲဒီ ဆိုက်ဘာ ဒုစရိုက် လုပ်ငန်း နေရာပေါင်း ၇၀၀ ကျော်ကို တစ်နှစ်အတွင်း ရှင်းလင်းနိုင်ခဲ့ရုံသာ မကဘဲ အစိုးရ ထိပ်ပိုင်း အရာရှိတွေ အပါအဝင် ကျားဖြန့်နဲ့ ဆက်စပ်သူ ၃၀၀၀၀ နီးပါးကို ဖော်ထုတ် အရေးယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား အခြေစိုက် ကျားဖြန့်လုပ်ငန်းတွေမှာ နိုင်ငံခြားသား အများအပြားလည်း ပါဝင် လုပ်ကိုင်ခဲ့ပြီး ဆန္ဒအလျောက် လိုလိုလားလား အလုပ်လုပ်သူတွေရော၊ လိမ်လည်လှည့်စား လူမှောင်ခို ကူးခံရပြီး အဓမ္မ ဖိအားပေး ခိုင်းစေခြင်း ခံခဲ့ရသူတွေလည်း ပါဝင်ခဲ့ပါတယ်။

ကမ္ဘောဒီးယား အစိုးရဟာ ကျားဖြန့်ဂိုဏ်းတွေအပေါ် ထိထိရောက်ရောက် အာရုံစိုက် ဖြိုခွင်းမှု မရှိခဲ့ပေမယ့်လည်း အမေရိကန်နဲ့ တရုတ်တို့လို အင်အားကြီး နိုင်ငံတွေက အပြင်းအထန် ဖိအားပေးလာချိန်မှာ အဲဒီ ဒုစရိုက် အစုအဖွဲ့တွေအပေါ် စတင် အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယား အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကျားဖြန့်ဂိုဏ်းတွေကို ရှင်းလင်းပြီးတဲ့နောက် တစ်နှစ်တာအတွင်း နိုင်ငံခြားသား ၅၈၂၆၆ ဦးကိုလည်း နယ်နှင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကျားဖြန့်နဲ့ ဆက်စပ်လို့ အဖမ်းခံရသူတွေထဲမှာ အစိုးရ ထိပ်ပိုင်းနဲ့ တရားဥပဒေ စိုးမိုးရေး အရာရှိကြီး ၁၅ ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၃၀၀၀၀ နီးပါးထဲမှာတော့ တရုတ်၊ ဗီယက်နမ်၊ ဩစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်းတို့ အပါအဝင် နိုင်ငံပေါင်း ၂၉ ခုရဲ့ နိုင်ငံသား ၃၄၀၀ လောက် ပါဝင်ပြီး ကမ္ဘောဒီးယားမှာ တရားရင်ဆိုင်နေရဆဲလို့ ဆိုပါတယ်။

ခြံကြီးဝင်းကြီးနဲ့ အကြီးစား လုပ်ငန်းလည်ပတ်နေတဲ့ ကျားဖြန့် လုပ်ငန်းတွေကို ရှင်းလင်းပြီး ဖြစ်ပေမယ့် အဲဒီ ဒုစရိုက် ဂိုဏ်းတွေဟာ နည်းစနစ် ပြောင်းသွားပြီး အသေးစား လက်ခွဲတွေ ပုံစံနဲ့ ဆက်လက် လည်ပတ်နေဆဲ ဖြစ်ကြောင်း၊ တည်းခိုခန်းတွေ၊ ကွန်ဒိုတွေ၊ အိမ်တွေမှာ ငှားရမ်းနေထိုင်ပြီး၊ ဒါမှမဟုတ် မော်တော်ယာဉ်တွေနဲ့ ကဖေးတွေကနေ အင်တာနက်သုံးပြီး အဲဒီ လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေကြောင်း ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ဇန်နဝါရီလမှာတော့ ကမ္ဘောဒီးယားဟာ ပြည်တွင်းက စီးပွားရေး ဦးပိုင် လုပ်ငန်းစုကြီး Prince Holding Groupရဲ့ တရုတ်နွယ်ဖွား အမှုဆောင်ချုပ် ချန်ရှိကို ကျားဖြန့်အမှုအတွက် တရုတ်ဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

တရုတ်က ကျားဖြန့်အမှုတွေအတွက် အလိုရှိနေသူ Huione Groupရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ တရုတ်နွယ်ဖွား လီရှောင်းကိုလည်း ကမ္ဘောဒီးယားက ဖမ်းဆီးခဲ့ပြီး ဧပြီလမှာ တရုတ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှာ တရုတ်ကုမ္ပဏီက သတ္တုတူးဖော်ရေးကို အကြောင်းပြပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တရုတ်နိုင်ငံသားတွေကို ပြည်ပ အလုပ်အကိုင်ကောင်းတွေနဲ့ သွေးဆောင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လူကုန်ကူးဂိုဏ်းသား ၁၇ ဦးကို တရုတ်က တရားစွဲဆိုလိုက်ပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။