Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား နျူလက်နက် ဖျက်သိမ်းရေးကို အရူးတွေပဲ ယုံလိမ့်မယ်လို့ ကင်မ်ဂျုံအွန်းရဲ့ ညီမပြော

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

အစ်ကိုရဲ့ အားအထားဆုံး အကြံပေး တစ်ဦး ဖြစ်သလို မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာအကြီးဆုံး အမျိုးသမီးလို့ သတ်မှတ် ခံထားရသူ ကင်မ်ယိုဂျောင်က မြောက်ကိုရီးယား နျူကလီးယား လက်နက် ဖျက်သိမ်းရေး ကိစ္စကို မျှော်လင့်ချက် ထားနေသူတိုင်းကို အရူးလို့ သတ်မှတ်ရုံပဲလို့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောဆိုသွားပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် တရားဝင် ကြေညာထားသလို နိုင်ငံခေါင်းဆောင် ကင်မ်ကလည်း အဲဒီ သတ်မှတ်ချက်ဟာ အတည်ဖြစ်ပြီး လုံးဝ နောက်ကြောင်း ပြန်မလှည့်ဘူးလို့ ကြွေးကြော်ထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မြောက်ကိုရီးယားဆီမှာ အင်မတန် ဖျက်ဆီးအား ပြင်းထန်တဲ့ နျူကလီးယားလက်နက် ၅၇ ခု ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပြီး တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကတော့ အဲဒီ အရေအတွက်ဟာ ၈၀ နဲ့ ၁၂၀ ကြား ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနနဲ့ တွေ့ဆုံရာမှာတော့ ကင်မ်ယိုဂျောင်က မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံဆိုတဲ့ ရပ်တည်မှုဟာ လုံးဝ ခိုင်မာတည်တံ့ပြီး ဘယ်အကြောင်းနဲ့မှ ပြန်မပြင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာက ရန်လိုတဲ့ လုပ်ရပ်တချို့ကို တန်ပြန်ဖို့အတွက် မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်လာအောင် အများကြီး ရင်းနှီး မြှုပ်နှံထားခဲ့တယ်လို့ သူက ဆိုပါတယ်။

ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာ အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA)ရဲ့ အထွေထွေ ညီလာခံ ကျင်းပနေချိန်မှာ ကင်မ်ယိုဂျောင်ဆီက အခုသဘောထား မှတ်ချက် ထွက်ပေါ်လာတာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရေး အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ရူးနှမ်းတဲ့ ဆွေးနွေးမှုတွေအကြောင်း သူ့အနေနဲ့ ကြားဖူးနားဝ ရှိနှင့်နေကြောင်း ကင်မ်ယိုဂျောင်က ပြောပါတယ်။

အဲဒီစကားမျိုးကို ယုံယုံကြည်ကြည် ပြောဆို ဆွေးနွေးနေသူတွေကလည်း အရူးစကားတွေကို နားယောင် ယုံကြည်နေတယ်လို့ သတ်မှတ်ရုံပဲလို့လည်း အဲဒီအမျိုးသမီးက ဆိုပါတယ်။

ရန်လိုတဲ့ နိုင်ငံတွေက ဘယ်လိုပဲ လက်ခံနိုင်ဖို့ ငြင်းဆိုနေကြပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ရပ်တည်မှုဟာ ခိုင်မာတည်တံ့ပြီး တရားဝင် ပြောင်းလဲမှု လုံးဝမရှိကြောင်း သူက ဆက်ပြောသွားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေးကိစ္စ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့တဲ့နောက်ပိုင်း မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့်ကို ပိုမို အရှိန်မြှင့်တင် အားထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ မြောက်ကိုရီးယားကိုကားလမ်းတိုက်ရိုက်ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။