Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အင်အားသစ်တွေ ဝင်လာပြီးနောက် ဗန်းမော်မှာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေကြောင်း KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(ကချင်ပြည်နယ်၊ ဗန်းမော်မြို့တနေရာကို ၂၀၂၅က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

တိုက်ပွဲ ၁နှစ်ခွဲကျော် ဖြစ်ပွားခဲ့တဲ့ ဗန်းမော်မြို့မှာ စစ်တပ်က စစ်သင်္ဘောတွေနဲ့ အင်အားဖြည့်တင်းတာ၊ စစ်ပန်းနေတဲ့ တပ်သားအချို့ကို တပ်ပြောင်းတာတွေ စစ်တပ်ဘက်က ပြုလုပ်ခဲ့ပြီး မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်လာတာလို့ဆိုပါတယ်။

လတ်တလောမှာ ဗန်းမော်တက္ကသိုလ်၊ တာမိုင်းလုံ၊ ဟန်တဲ၊ညောင်ပင်သာ စတဲ့ဒေသတွေ ဘက်သို့စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ KIA အပြန်အလှန် ထိုးစစ်ဆင်တာ၊ အပြန်အလှန်တ ပ်ဆုတ်ရတာ စတဲ့ အခြေအနေလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်တိုက်ပွဲမရှိတဲ့ အချိန်တွေမှာဆိုရင်လည်း စစ်တပ်ဟာ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတာတွေ ပြုလုပ်နေကြောင်းလည်း ဖော်ပြပါတယ်။

လတ်တလောမှာ ဗန်းမော်မြို့မှ အပ ကချင်ပြည်နယ် အခြားဒေသတွေမှာမြေပြင်တိုက်ပွဲတွေဖြစ်တာ မရှိဘူးလို့လည်း အသိပေးပါတယ်။ ဒါပေမဲ့ ဖားကန့်ဒေသ၊ ဧရာ၀တီမြစ်ရိုးတလျှောက် စင်းခန်း၊ဇင်းဘုံ တ၀ိုက်မှာစစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ရံဖန်ရံခါ ဆက်လုပ်နေကြောင်း ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လကုန်နဲ့စက်တင်ဘာမှာ ဗန်းမော်နဲ့ရွှေကူမြို့နယ် တိုက်ပွဲတွေအတွင်း အထိနာခဲ့ပါတယ်။

ဗန်းမော်မြို့ကို ရေကြောင်းက စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့အပေါ် KIA ပူးပေါင်းတပ်က စစ်သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်တာ၊ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကိုတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့လို့ စစ်တပ်သင်္ဘော အစီး ၂၀ ဝန်းကျင် ထိခိုက်ပျက်စီးနစ်မြုပ် မီးလောင်တာတွေရှိခဲ့သလို မြေပြင် စစ်ကြောင်းတွေဟာလည်း စစ်ကြောင်းပျက် တပ်လန်တာ၊ စစ်သုံ့ပန်းတွေဖမ်းရတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

Facebook