Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

ရန်ကုန် – ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screengrab)

စက်တင်ဘာ-၂၈၊၂၀၂၆။မိုမို/People’s Spring

ရန်ကုန် – ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(စက်တင်ဘာ ၂၇ရက်) မနက် ၄နာရီ၀န်းကျင်ကစပြီး အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ဂုံညင်းတန်းတာဆုံ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့မှုအတွင်း စစ်တပ်က ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။

“ရန်ကုန်ပြည်လမ်းဆိုတော့ နေရာက သူတို့ (အာဏာသိမ်းစစ်တပ်)အတွက် အတော်အရေးပါတဲ့နေရာတစ်ခုပါ။စစ်ကြောင်းအလိုက် စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်”လို့ အထက်ပါတာ၀န်ရှိသူက တိုက်ခိုက်မှု ဖြစ်စဉ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

၁နာရီ၀န်းကျင်ကြာတိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်မှုရှိပြီး အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းဆဲလို့ အသိပေးပါတယ်။

“ပုံမှန်တွေ့နေကြအင်အားက ၁၅ ယောက်ကနေ ၂၀ ကြားရှိတယ်။ကားတွေကို ဆက်ကြေးတောင်းကြမ်းသလို ပေါ်တာဆွဲကြမ်းတဲ့ ပျူခေါင်းဆောင်စိုးမင်းဂိတ်ထိုင်ရာ စခန်းလဲဖြစ်ပါတယ်”လို့ အုတ်ဖိုဒေသခံတစ်ဦးက ဂုံညင်းတန်းတာဆုံဂိတ်အကြောင်းကို ပြောပါတယ်။

စစ်တပ်စစ်ကူစစ်ကြောင်းက ဂုံညင်းတန်းတာဆုံဂိတ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒီးဒူးပင်နဲ့ ဘုတ်သိုးကျေးရွာတွေဘက်ထိ ၀င်ရောက်ခဲ့ပြီး ဒေသခံ ၂ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့ ‌ပြည်သူ ၂ဦးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအခြေအနေကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အိုးသည်ကုန်းမြို့ အောက်ဘက်ခြမ်းမှာရှိတဲ့ မင်းလှနဲ့ လက်ပံတန်းမြို့နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် အခု စက်တင်ဘာထဲ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို နယ်မြေ အသာစီးရယူဖို့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေပါတယ်။

ဒါကြောင့်လည်း တိုက်ပွဲတွေမကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook