အောက်တိုဘာ ၂၆၊ ၂၀၂၆။ထားမြတ်/People’s Spring
မွန်ပြည်နယ် ရေးမြို့နယ် မြို့ဟောင်းရွာရှိ စစ်တပ် ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၄ရက် ညနေပိုင်းမှာ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က တပ်ကြပ်ကြီး ၁ဦး အပါအဝင် ၃ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း RMA တပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ဟု အသိပေးထားပါတယ်။

Public Service Announcement
စစ်တပ်ဂိတ်စခန်းဟာ ဒေသခံလူထုတွေကို နည်းမျိုးစုံနဲ့ အနိုင်ကျင့် ငွေညှစ် တာ ပြုလုပ်နေတဲ့ ဂိတ်စခန်းဖြစ်လို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း RMAက ထုတ်ပြန်ပါတယ်။
မွန်တပ် RMAဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးဖော်ဆောင်မှုတွေလည်းရှိခဲ့ပါတယ်။
အောက်တိုဘာ ဒုတိယ ပတ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ရွာအနီးမှာ တိုက်ပွဲမှာလည်း RMA ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့အတူ လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာ ၁၂ရက်ကနေ ၁၄ရက်အထိ ၃ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၃၀ ခန့် သေဆုံးကာ လက်နက်ငယ် ၃လက်နဲ့ ကျည်အချို့ သိမ်းရခဲ့ကြောင်း RMAက ထုတ်ပြန်ထားပါတယ်။
RMAကို မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တို့ပူးပေါင်းဖွဲ့စည်းထားတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း မွန်တပ်အချို့ RMAမှာ ပူးပေါင်းလာတာလည်းရှိပါတယ်။





















































