Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့အနီးတိုက်ပွဲပြင်းထန် ၊စစ်တပ်က လေကြောင်းပစ်ကူသုံးဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

(မိုးကုတ်မြို့အနီး​တော်လှန်​​ရေးတပ်ဖွဲ့ဝင်​တွေကို၂၀၂၆နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့ )

စက်တင်ဘာ-၂၈၊၂၀၂၆။အိမ်သွင်၊ကတ်သရင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာမှာစက်တင်ဘာလ၂၈ရက်မနက်ပိုင်းကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂နာရီခန့်မှာ စစ်တပ်က​လေ​ကြောင်းက​​နေဗုံးကြဲသွားတာဖြစ်ပါတယ်။

“လေယာဉ်က ရွာဘက်နားထိခေါင်းကြီးထိုးစိုက်ပီးပစ်တာ”လို့ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားဒေသခံတစ်ဦးက” စစ်တပ်ဘက်မှာ ဒရုန်းထိပြီး သေဆုံးတာတွေများတယ်လို့ကြားတယ်။ လေယာဉ်ကတော့ ဆက်ပြီး လာနေတုန်းပဲ။ တိုက်ပွဲဖြစ်တဲ့အသံတွေလည်းကြားနေရတယ်”လို့ပြောပါတယ်။

စစ်တပ်ရဲ့စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (PDF) နဲ့မဟာမိတ်​တွေက တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံအချို့ကပြောပါတယ်။

​တော်လှန်​ရေးအဖွဲ့​တွေနဲ့နီးစပ်တဲ့စစ်​ရေးရင်းမြစ်အချို့က စစ်တပ်စခန်းအချို့ကို KIA ၊PDF ပူး​ပေါင်းတပ်က တိုက်ခိုက်တာဖြစ်ပြီး စစ်စခန်းတစ်ခုကိုသိမ်းပိုက်ထားတယ်လို့ ​ပြောပါတယ် ။

တော်လှန်ရေး ရဲဘော်တဦးကလည်း “စခန်းကုန်းတချို့ရထားတာရှိတယ်လို့သိရတယ်။အရင်ထဲက ဒီနေရာ တွေကိုလိုချင်လို့ စစ်တပ်ကထိုးစစ် ဆင်ဖို့ကြိုးစားခဲ့ဘူးတယ်။ဒီတကြိမ်ကကိုယ့်ဘက်ကထိုးစစ်ပါ”လို့ပြောပါတယ်။

ညောင်နီရွာအနီးကို စစ်တပ်က နယ် မြေတိုးချဲ့ ထိန်းချုပ်ချင်တာ ကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လပဲ မြေပြင်စစ် ကြောင်းထိုးတာ တွေ ၊မိုးမိတ်မြို့ကိုအင်အားတိုးတာ တွေပြုလုပ်ခဲ့ပါတယ်။ဒါ​ပေမယ့်စစ်တပ်က လေကြောင်းပစ်ကူနဲ့ စစ် ကြောင်းထိုးခဲ့ ပေမယ့် အထိနာကာ ပြန်ဆုတ်သွားပါတယ်။

မိုးမိတ်မြို့အနီးမှာရှမ်းပြည်တိုးတက်ရေးပါတီ ၊ရှမ်းပြည်တပ်မတော်(SSPP/SSA)လည်း တပ်စွဲထားပြီး ပြီးခဲ့တဲ့သြဂုတ်လကလည်း ညောင်နီရွာအနီးမှာ စစ်တပ်နဲ့ SSPP/SSA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သြဂုတ်လကဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားတချို့ထိခိုက်သေဆုံးခဲ့ဖူးပါတယ်။

ဒီနေ့မနက်ဗုံးကြဲမှုကြောင့် ထိခိုက်​​​သေဆုံးမှုရှိ ၊မရှိကို​တော့မသိရသေးပါဘူး။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA)နဲ့မဟာမိတ်​တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ မိုးမိတ်မြို့နဲ့ မိုးကုတ်မြို့ကို စစ်တပ်ကကျည်တချက်မ​ဖောက်ရဘဲ ၂၀၂၅ အောက်တိုဘာလမှာTNLA ကပြန်လွှဲပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။

မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာတပ်စွဲထားပြီးကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင်SSPP/SSAလည်း တပ်စွဲလှုပ်ရှား​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး

Facebook