Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါစစ်ကြောင်းကို NUG က ပြည်သူ့သားကောင်းဆု ချီးမြှင့်

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

(ဂန့်ဂေါစစ်ကြောင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန)

စက်တင်ဘာ-၃၀ ၊၂၀၂၆။ဖိုးသား/People’s Spring

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါစစ်ကြောင်းအနေနဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ကာ ဒီကနေ့အချိန်အထိ တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်နေဆဲလို့ ဆိုပါတယ်။

“စစ်ရေး နိုင်ငံရေး လိုအပ်ချက်အရ NUG MoD (အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန)ရဲ့ ကွပ်ကဲမှုအောက်ကနေ တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်”လို့ ဂန့်ဂေါခရိုင်စစ်ဌာနတာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ဒုတိယပတ်ကထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တဲ့ စာရင်းထဲမှာ ဂန့်ဂေါစစ်‌ကြောင်း ပါ၀င်ခဲ့တာလို့ အသိပေးပါတယ်။

တိုင်းရင်းသားနယ်မြေရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဉ် ကာလမှာ စစ်ကြောင်းက ရဲဘော် ၆ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက်နဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြတဲ့ရဲဘော်တွေ ကို လေးစားဂုဏ်ပြုမှုနဲ့အတူ မပြီးဆုံးသေးတဲ့ တော် လှန်ရေးကို အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ရှမ်းမြောက် ၁၀၂၇ မှာလည်း ဂန့်ဂေါခရိုင်စစ်ဌာန ပါ၀င်ခဲ့သလို ကချင်စစ်ဒေသမှာလည်း ရောက်နေတယ်”လို့ ဂန့်ဂေါဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်လယ်ပိုင်းကစပြီး ဆောမြို့နယ်တွင်းသို့ အင်အားအလုံး အရင်းနဲ့၀င်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေမှာလည်း လက်နက်ခဲယမ်းတွေအပြင်စစ်သုံ့ပန်း ဆယ်နဲ့ချီ ဖမ်းဆီးရမိထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook