Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ မလေးရှားရဲ့ ဆုံးဖြတ်ချက်ကို APHR ရှုတ်ချ

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ ဓါတ်ပုံ-AFP)

​အောက်တိုဘာ-၅၊၂၀၂၆။People’s Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

မင်းအောင်လှိုင်ဟာအောက်တိုဘာ ၆ ရက်နေ့မှာမလေးရှားကိုတရားဝင် အလည်အပတ် ခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။မလေးရှားရောက် ရွှေ့ပြောင်း မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့ရေးကိစ္စဆွေးနွေးဖို့အတွက်မင်းအောင်လှိုင်ကို ဖိတ်ခေါ်မယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားထားပါတယ်။

APHRကတော့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီးတရားဝင်တွေ့ဆုံတယ်ဆိုတာကသူဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကိုလက်ခံလို့ ရပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားနိုင်ကြောင်းမလေးရှား အစိုးရကို ရည်ရွယ်သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှားဟာမင်းအောင်လှိုင်ကိုဘယ်လိုအခြေအနေမျိုးနဲ့မှ လက်မခံသင့်ကြောင်း၊ မင်းအောင်လှိုင်ကိုကော်ဇောနီခင်းပြီးကြိုဆိုတဲ့ လုပ်ရပ်တိုင်းဟာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၊အတင်းအကျပ်စစ်မှုထမ်း စုဆောင်းမှုတွေအောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို သူတို့ ကြုံနေရသမျှအတွက် ဒေသတွင်း နိုင်ငံတွေက သဘောတူ လက်ခံနိုင်ပါတယ်လို့ ပြောနေသလို ဖြစ်နေကြောင်း APHRရဲ့ဥက္ကဋ္ဌနဲ့ မလေးရှား အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ မာစီခရစ္စတီ ဘာရန်းစ်က ဝေဖန်ခဲ့ပါတယ်။

လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိဘူးလို့ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲကနေ ဧပြီလမှာ သမ္မတ ရာထူးကို ရယူပြီးချိန်ကတည်းကမင်းအောင်လှိုင်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိဖို့အတွက် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့လို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ၊ ပြီးတော့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့ကို သွားရောက် လည်ပတ်ခဲ့ကြောင်း APHRက ဆိုပါတယ်။

အာဆီယံဟာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုသလို ၂၀၂၁ ခုနှစ်ကစလို့ မြန်မာ့နိုင်ငံရေးကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးတွေတက်ရောက်ခွင့် ဆိုင်းငံ့ထားခဲ့ကြောင်း၊ အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အပြင်းထန်ဆုံး ဝေဖန်ခဲ့တဲ့ မလေးရှား ကိုယ်တိုင်က ဖိတ်ကြားတဲ့အခါ မင်းအောင်လှိုင်အတွက် အရေးအကြီးဆုံး အားသာချက်တစ်ခု ရသွားတာမျိုး ဖြစ်နိုင်ကြောင်းလည်း APHRက ထောက်ပြထားခဲ့ပါတယ်။

နောက်ပြီးပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေသလို လုံခြုံရေး စိတ်မချရသေးတဲ့ မြန်မာနိုင်ငံဆီက မလေးရှားက ရွှေ့ပြောင်း ဒုက္ခသည် ၁၄၇၆ ဦး ပြန်ပို့ခဲ့တာကိုလည်း APHR က ဝေဖန်ရှုတ်ချထားပါတယ်။ အဲဒီလို ပြန်မပို့ခင်တစ်ရက်မှာတင်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉ ဦးထက်မနည်း သေဆုံးခဲ့တာကိုလည်း APHRရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

APHRကဝန်ကြီးချုပ်အန်ဝါနဲ့မလေးရှား အစိုးရ အနေနဲ့ မင်းအောင်လှိုင်ရဲ့အာဏာသိမ်း စစ်တပ်ကို တရားဝင် အသိအမှတ်ပြုမှု လုံးဝ မပေးဖို့၊ အထူးသဖြင့် စစ်တပ်ကို တရားဝင် အစိုးရလို့ အသိအမှတ်ပြုရာ ရောက်သွားမယ့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးမှုတွေ၊ ပူးတွဲကြေညာချက် ထုတ်ပြန်တာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။နောက်ပြီး မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို နောက်ထပ်ပြန်ပို့မယ့်အစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့၊ ပြန်ပို့ပြီးသား ဒုက္ခသည် ၁၄၇၆ ဦးရဲ့အခြေအနေတွေကိုဆန်းစစ်ပေးဖို့ကိုလည်း APHR က တိုက်တွန်းခဲ့ပါတယ်။

မလေးရှားဟာကမ္ဘာအနှံ့ကဖိနှိပ်မှုနဲ့ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကြုံနေရတဲ့ ပြည်သူတွေအတွက် အားကောင်းကောင်းနဲ့ ရပ်တည်ဖေးမခဲ့ကြောင်း၊ မြန်မာပြည်သူတွေနဲ့ ပတ်သက်ရင်လည်း တူညီတဲ့ တုံ့ပြန်မှုမျိုး ပြသစေလိုကြောင်း APHR ကထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား-APHR

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance - MAA) က တိုက်တွန်းထားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

သတင်း

မြန်မာဆီ ဒုက္ခသည်တွေ ပြန်ပို့နေတာကို ရပ်တန့်ဖို့မလေးရှားအစိုးရကိုကုလသမဂ္ဂ (UN)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ် ၊မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကယ်လီအီးကာရီကတောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာ​ကြောင်းရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

Trending

Facebook