Connect with us

Hi, what are you looking for?

သတင်း

မပေါက်ကွဲသေးတဲ့ ပေါင် ၅၀၀ ဗုံးကို ပြင်ဦးလွင်ပကဖ တူး‌ဖော်

စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ် မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့တဲ့ ပေါင် ၅၀၀ ဗုံးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ပြန်လည်တူးဖော်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ-၁၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ် မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့တဲ့ ပေါင် ၅၀၀ ဗုံးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ပြန်လည်တူးဖော်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၆ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးဟာ ကလစ်မပြုတ်ဘဲ မြေကြီးထဲမှာ မြုပ်နေတာ ဖြစ်ပါတယ်။

ဘယ်မြို့နယ်ထဲမှာဆိုတာ ဖော်ပြထားခြင်းမရှိပေမယ့် ယခုရက်ပိုင်းမှာ ပြန်လည်တူးဖော်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်မြို့နယ်ပကဖဟာ မိုးကုတ်မြို့နယ် ၊စဉ့်ကူးမြို့နယ်၊မတ္တရာမြို့နယ်၊သပိတ်ကျင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပါတယ်။ အထက်ပါမြို့နယ်တွေအပြင် ဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်က ပေါင်၅၀၀ ဗုံးအပါအဝင် ဖျက်အားပြင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်တာတွေ နေ့စဉ်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်တော်မြို့ရှိကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကောင်စီကယနေ့နံနက် အစောပိုင်းတွင်ဗုံးကြဲသဖြင့် ကျောင်းသားများနှင့်အနီးအနားမှ ကလေးငယ်အချို့ အပါအဝင်၁၈ဦး သေဆုံးပြီး ၂၀ကျော် ပြင်းထန် ဒဏ်ရာရထားကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နမ္မတူမြို့နယ် မန်လီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့မနက်အစောပိုင်း၌ လေကြောင်းမှ ​ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အပြင် စာသင်ကျောင်းနှင့် နေအိမ်အချို့လည်း ပျက်စီးခဲ့ဟု TNLAက ထုတ်ပြန်သည်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်သုံ့ပန်းများထားသော မောင်တောမြို့မှ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။