Connect with us

Hi, what are you looking for?

သတင်း

မောင်တောတွင် စစ်သုံ့ပန်းများထားသည့်နေရာကို စစ်ကောင်စီ ပေါင် ၅၀၀ နှစ်လုံးကြဲ၊ သုံ့ပန်း ၃၀ ကျော်သေဆုံး

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်သုံ့ပန်းများထားသော မောင်တောမြို့မှ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

ဗုံကြဲခံရပြီး​နောက် ​မြေကျင်းကြီး နှင့် အ​ပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-APM

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်သုံ့ပန်းများထားသော မောင်တောမြို့မှ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၂နာရီခန့်တွင် ဂျက်ဖ်ိုက်တာ နှစ်စီး ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးလာရောက်ကြဲချခြင်းဟု မောင်တောမြို့နှင့်အဆက်အသွယ်ရှိသည့် ရဲသတင်းရင်းမြစ်တဦးကပြောသည်။

“ အဲဒီနေရာက နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ဖြစ်တယ်။ သုံ့ပန်းတွေသေတယ်ဗျ။ တော်တော်သေတယ်။ တိတိကျကျမသိရပေမယ့် ကျတော်တို့နဲ့ တပတ်စဉ်ထဲရဲတွေပါသွားတယ်” ဟု အဆိုပါရဲသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်သုံ့ပန်း ၃၂ဦးသေဆုံးပြီ ဆယ်ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် နေရဉ္ဇရာသတင်းဌာနက ရေသားဖော်ပြထားသည်။ထို့အပြင် မောင်တောမြို့သိမ်းတိုက်ပွဲတွင် AA က ဖမ်းမိထားသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုစစ်ဆေးရန် ယင်းဌာနချုပ်သို့ ခေါ်ဆောင်ထားသည်ဆို​သောသတင်းပေါက်ကြားပြီး စစ်ကောင်စီကတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်ကိုကိုးကား၍ နေရဉ္ဇရာကဖော်ပြထားသည်။

၂၀၂၄ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မှ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅) သိမ်းယူပြီး မြို့ကိုအပြီးသတ်ထိန်းချုပ်သည့်တိုက်ပွဲ၌ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်သုံ့ပန်းအများအပြား AA ကဖမ်းမိခဲ့သည်။

​ဒေသတွင်းစစ်​ရေးသတင်းများ​ဖော်ပြ​ပေး​နေသည့် Arakan Princess Media က မူ ​ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ ခံရ​သော်လည်း ဗုံးမှာကွင်းပြင်တွင်ကျပြီး ထိခိုက်မှုမရှိဟု ​ဒေသခံတဦး၏ အ​ပြောဖြင့်​ရေးသားထားသည်။သို့​သော်ပူးတွဲ​ဖော်ပြသည့် ဓါတ်ပုံတွင် ဗုံး ၁ လုံးမှာကွင်းပြင်တွင်ကျထား၍ ​မြေကျင်းကြီးဖြစ်​နေသည်ကို​တွေ့ရသလိုအနီးရှိအ​ဆောက်အဦးမှာ ပျက်စီး​နေသည်ကိုလည်း​တွေ့ရသည်။

ယခုလေကြောင်းတိုက်ခိုက်မှုသတင်းကို AAက မထုတ်ပြန်သေးပေ။ မောင်တောမြို့သိမ်းတိုက်ပွဲ တိုက်ခိုက်နေသည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ရက်ကလည်း တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံပန်းများထားရှိသော မောင်တောမြို့မှ ရဲတပ်ရင်း နခခ(၂)ကို စစ် ကောင်စီက လေကြောင်းမှတိုက်ခိုက်ရာ စစ်သုံ့ပန်း ၅၀ကျော်သေဆုံးခဲ့သည်ဟု AAက စက်တင်ဘာလ ၁၀ရက်၌ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ဇန်နဝါရီလ (၁၈) ရက်နေ့ကလည်း မြောက်ဦးမြို့ ရမ်းချောင်းအနီးရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AAကထုတ်ပြန်ခဲ့သည်။ အလားတူ ​နောင်ချိုမြို့နယ်တွင် စစ်သုံ့ပန်းများထားရာ​နေရာကို စစ်တပ်က ဗုံးကြဲ၍ သုံ့ပန်းစစ်သားများ​သေဆုံးခဲ့ဖူးသည်။

စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့မှလွဲ၍ ရခိုင်ပြည်နယ်မှ ကျန်မြို့များအားလုံးကိုသိမ်းပိုက်ထားသည့် AAက ထောင်နှင့်ချီသောစစ်သုံ့ပန်းများအပြင် စစ်ကောင်စီထိပ်တန်းအရာရှိများအဖြစ် ဗိုလ်မှူးချုပ်လေးဦး ဖမ်းဆီးထားသည်။ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်အောက်ခံတပ်ရင်းများကို AAက တိုက်ခိုက်စဉ်စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းဆီးမိခဲ့သည်။

မောင်တောမြို့သိမ်း တိုက်ပွဲတွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုဖမ်းဆီးခဲ့သည်။ ဒီဇင်ဘာလ ၂၀ရက်က အမ်းမြို့မှ အနောက်ပိုင်းတိုင်စစ်ဌာနချုပ်(နပခ)အား သိမ်းယူသည့်တိုက်ပွဲ၌ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ကို အရှင်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးထားသည့်စစ်သုံ့ပန်းများကို AA ကစီစစ်၍ ပြန်လွှတ်ပေးမှုများလည်းရှိနေသည်။ပြီးခဲ့သည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလတွင် စစ်သုံ့ပန်းနှင့်မိသားစုဝင် ၂၀၀ ကျော်ကို AAက ပြန်လွှတ်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန် ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ဖားအံ(ဘားအံ) မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်လျက်ရှိကြောင်း သထုံခရိုင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

မြန်မာစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်ညမှာ ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း

မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီနေ့ ( ဧပြီ ၁၈ ရက် ) မနက်ပိုင်းက စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook