Connect with us

Hi, what are you looking for?

သတင်း

ကျင်းဒွေးမြို့ကိုဦးတည်တဲ့ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေ၊ အထိနာတဲ့ စစ်တပ်က ပြည်သူကိုမဲပြီး ဗုံးကြဲဟု ချင်းတပ် CPU ထုတ်ပြန်

ပလက်၀ဒေသကို ၂ရက်အတွင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦး သေဆုံး

(ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)

အောက်တိုဘာ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူကျေးရွာတို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦးသေဆုံးခဲ့ရကြောင်း ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီကနေ့ အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

ပလက်၀ ဒေသကို စစ်တပ်လေကြောင်း တိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက် အခြေအနေကို CPUက အသိပေးထုတ်ပြန်ရာ လတ်လော ချင်းတောင်ပိုင်း စစ်ရေး အခြေအနေအချို့ကိုပါ အသိပေးခဲ့တာပါ။

CPU/CPA ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ် ပီချောင်းဆုံကို စစ်တပ်က Y12 လေယာဉ်အသုံးပြုပြီး အောက်တိုဘာ ၁၈ရက်မှာ ဗုံးသီး ၆၄လုံး၊ အောက်တိုဘာ ၁၉ရက်မှာ လုံးတူ-တွီစပ်လမ်းခွဲနေရာကို ဗုံးသီး ၂လုံး၊ ပီချောင်းဆုံကို ဗုံးသီး ၄၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ်ကလေး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် မိမိတို့ပြည်သူ၊ အသက်အိုးအိမ် နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ပြီး မြေပြင်တွင် အထိနာနေသော စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူလူထု အပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လာနေသောကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ အနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ကြရန် ထပ်မံတိုက်တွန်း အပ်ပါသည်” လို့ CPU/CPAက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ CPU/CPA ထိန်းချုပ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလကတည်းက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးမြေပြင် တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာနေတယ်လို့ဆိုပါတယ်။ ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ စတဲ့ စစ်မျက်နှာတွေမှာ စစ်တပ်က အထိနာနေတာကြောင့် အင်အားဖြည့်ပြီး စက်တင်ဘာ နောက်ဆုံးပတ်မှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ လက်ရှိ အချိန်ထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဖော်ပြပါတယ်။

ကျင်ဒွေးတိုက်ပွဲမှာ စစ်တပ်သေဆုံးထိခိုက်ရှိပြီး စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ စစ်တပ်ရဲ့ လက်နက်တွေသိမ်းရတာ ရှိတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပြထားပေမဲ့ CPU/CPAက စစ်ရေး အခြေအနေ အသေးစိတ်ကို လက်ရှိ အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေတယ်လို့သာ အသိပေးခဲ့တာပါ။

စစ်တပ်ဟာ တိုက်ပွဲမှာ အထိနာနေတာကြောင့် တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦများနဲ့ ဈေးဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိဟု CPU/CPAက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာ​ကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်တွေတိုက်ပွဲ​တွေမှာ စစ်တပ်က ဒီနေ့ အမြန်​မော်​တော်​လှေ( speedboat)​တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်​တော်ကတိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုတ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။