တရားမဝင် ဝင်ရောက်အခြေချမှုတွေကို ဖြိုခွင်းတဲ့ စီမံချက် တစ်ခုအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်က ရထားဘူတာ တစ်ခုမှာ မြန်မာ ၂၇ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ချင်းမိုင်မှာရှိတဲ့ မယ်ပင်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ရထားဘူတာ ပလက်ဖောင်းတွေပေါ် ရှိနေသူတွေကို အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ပြီး မြန်မာ အများစု အပါအဝင် ၃၅ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
ရာဝတ်မှုနဲ့ ဥပဒေချိုးဖောက်မှုများ တားဆီးရေး စီမံချက် အစိတ်အပိုင်း တစ်ခုအဖြစ် ချင်းမိုင်မြို့၊ ဝပ်ကက် ရပ်ကွက်က ချင်းမိုင်ဘူတာမှာ ရှောင်တခင် စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။
အဖမ်းခံရတဲ့ မြန်မာ ၂၇ ဦးဟာ ထိုင်းမှာ ခွင့်ပြုချက် မရှိဘဲ နေထိုင်သူတွေ၊ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးပြီး ဒါမှမဟုတ် ရုပ်သိမ်းခံထားရသူတွေ ပါဝင်ပြီး အဲဒီ လူဝင်မှု ကြီး

Public Service Announcement
ကြပ်ရေးဆိုင်ရာ စွပ်စွဲချက်တွေအပြင် ဥပဒေ ချိုးဖောက်မှု၊ ဖီဆန်မှု၊ မျက်ကွယ်ပြုမှုလို စွဲချက်တွေနဲ့ပါ အရေးယူ ခံရမယ်လို့ ရဲတွေက ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ ထိုင်းကို တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား တစ်ဦးကို လွတ်မြောက်အောင် အကူအညီ ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံသားတဦးကိုလည်း အဖမ်းခံရပါတယ်။ နောက်ဆက်တွဲ စစ်ဆေးမှုတွေအပြီး အဲဒီ တူညီတဲ့ ပြစ်မှု ကျူးလွန်တယ်လို့ ယုံကြည်ရသူ ထိုင်း ၃ ယောက်ကို ထပ်မံ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေနဲ့ သံသယရှိသူတွေအားလုံးကိုဥပဒေနဲ့အညီဆက်လက်
အရေးယူ ဆောင်ရွက်နိုင်စေဖို့အတွက် စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီ လွှဲပြောင်းပေးထားကြောင်းလည်း ရဲတွေက ပြောကြားခဲ့ပါတယ်။
ကိုးကား: Chiang Mai News




















































