Connect with us

Hi, what are you looking for?

သတင်း

နောင်ချို မြို့မ ဗလီကို စစ်တပ်က နိုင်ငံပိုင်သိမ်းယူမှုကို CSW ရှုတ်ချ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့လယ်က ဗလီ အဆောက်အအုံကို နိုင်ငံပိုင်အဖြစ် ချိပ်ပိတ် သိမ်းယူဖို့ အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားရာ တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ (CSW)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

(​နောင်ချိုမြို့ရှိ မြို့မဗလီကို​တွေ့ရစဥ်။ဓါတ်ပုံ-CSW)

​အောက်တိုဘာ-၂၇၊၂၀၂၆။​နေ့သစ်/People’s Spring

ရှမ်းပြည်နယ်၊ နောင်ချိုမြို့လယ်က ဗလီ အဆောက်အအုံကို နိုင်ငံပိုင်အဖြစ် ချိပ်ပိတ် သိမ်းယူဖို့ အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားရာ တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ (CSW)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်တရားရုံးဟာ မြို့လယ်မှာရှိတဲ့ နောင်ချိုမြို့မ ဗလီကို နိုင်ငံပိုင်အဖြစ် သိမ်းယူဖို့ အမိန့်ချခဲ့ပါတယ်။ နောက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)တွေအရ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး ဗလီတာဝန်ရှိသူတွေဖြစ်တဲ့ ဦးလှထွေးနဲ့ ဦးစိုးသိန်းတို့ကိုလည်း ထောင်ဒဏ် ၁၁ နှစ်စီ တရားရုံးက ချမှတ်ခဲ့ပါတယ်။

နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ မဟာမိတ်တပ်တွေက လအတော်ကြာ ထိန်းချုပ်ခဲ့ရာက ၂၀၂၅က ဇူလိုင်လမှာတော့ စစ်တပ်လက်အောက်ကို ပြန်လည် ကျရောက်ခဲ့ပါတယ်။ မြို့ကို စစ်တပ်က ထိန်းချုပ်ပြီးတဲ့ နောက်မှာတော့ မြို့မဗလီကို ခွင့်ပြုချက်မဲ့ မွမ်းမံပြင်ဆင်ထားခဲ့တယ်လို့ စွပ်စွဲပြီး ချိတ်ပိတ်ခဲ့ပါတယ်။ ပြီးတော့ ဗလီတာဝန်ရှိသူတွေဟာ TNLA တပ်တွေကို ရိက္ခာနဲ့ တခြားလိုအပ်တာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ပါ စစ်တပ်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတွေကတော့ အဲဒီစွပ်စွဲမှုတွေဟာ ဗလီအဆောက်အအုံနဲ့ မြေနေရာကို ချိတ်ပိတ်ဖို့အတွက် ရည်ရွယ်ထားတဲ့ အကြောင်းပြချက် သက်သက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ကြပါတယ်။ ဗလီကို သိမ်းယူတဲ့အပြင် အာဏာသိမ်း စစ်တပ်ဟာဟိန္ဒူဂေါ်ရခါး ဓမ္မသလ လေးထပ် အဆောက်အအုံကိုလည်း ပိတ်ထားစေပြီးဒေသခံတွေရဲ့နေအိမ်နဲ့ ဆိုင်ခန်း အများအပြားကိုပါ ချိတ်ပိတ်ထားပါတယ်။

နောင်ချိုမြို့ မြို့မဗလီတာဝန်ခံ ဦးလှထွေးနဲ့ ဦးစိုးသိမ်းတို့ဟာ PDF နဲ့ TNLA ကို ထောက်ခံသူတွေဆိုပြီး စစ်တပ်ကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထောင်ချခဲ့တာလို့ ‌ဒေသခံတွေကပြောပါတယ်။

“မဆီမဆိုင်ပတ်ရမ်းတာပေါ့ဗျာ။ဘာသာရေးကိုပါ အသုံးချပြီး မဘသတွေအကြိုက် အမိန့်ချတာ။ ဒါက စစ်တပ်ရဲ့ ဦးနှောက်မဲ့မှုနဲ့ ယုတ်မာမှုပါ”လို့နောင်ချိုဒေသထံကပြောပါတယ်။

ထောင်ဒဏ် ၁၀ နှစ်ကျခံဖို့နဲ့ ဗလီကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ စစ်တပ်လက်​အောက်ခံကျောက်မဲခရိုင်တရားရုံးက စက်တင်ဘာ ၁၅ ရက်မှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။ဒီအမိန့်အတွက် ပြည်နယ်တရားရုံးကို အယူခံဝင်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ တာဝန်ရှိသူတချို့က သတင်းမီဒီယာတွေကို အသိပေးထားပါတယ်။

CSWကတော့ မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းမှာ လူနည်းစု လူ့အသိုက်အဝန်းတွေကို ဖိနှိပ်ဖို့၊ ဘာသာရေး အဆောက်အအုံတွေကို ရန်လို ပစ်မှတ်ထားဖို့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး အမိန့်တွေကို အသုံးချလေ့ရှိကြောင်း ​ဖော်ပြထားပါတယ်။ CSW ထူထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မာဗင်သောမတ်စ်က နောင်ချို မြို့မဗလီ ချိတ်ပိတ်ခံရမှုဟာ လူတစ်ဦးချင်းစီအပေါ် စွပ်စွဲမှုတွေကို အသုံးချပြီး ကျယ်ပြန့်တဲ့ ဘာသာရေးအသိုက်အဝန်းတစ်ခုလုံးကို ဒဏ်ခတ်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်တစ်ခုလို့ ဝေဖန်သွားပါတယ်။

ဗလီရဲ့တာဝန်ရှိသူ တစ်ဦးစီရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်တဲ့ စွပ်စွဲချက်တွေကို အသုံးချပြီး ဗလီကို နိုင်ငံပိုင်အနေနဲ့ သိမ်းယူဖို့ တရားရုံးက အမိန့်ပေးခဲ့တယ် ဆိုတာဟာ လူနည်းစု ဘာသာဝင်တွေကို ပစ်မှတ်ထားဖို့ တရားစီရင်ရေး ယန္တရားကို ပြောင်ပြောင်တင်းတင်း အသုံးချသွားခြင်း ဖြစ်ကြောင်း၊ ဝတ်ပြုကိုးကွယ်တဲ့ နေရာတစ်ခုဟာလူပုဂ္ဂိုလ် အနည်းငယ်နဲ့ မပတ်သက်ဘဲ ကိုးကွယ်ယုံကြည်မှု အသိုက်အဝန်းတစ်ခုလုံးနဲ့ သက်ဆိုင်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား-CSW

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

သတင်း

အိန္ဒိယ-မြန်မာနယ်စပ်ကနေဝင်လာပြီး မြန်မာရွာဘက်ကို စစ်ကြောင်းထိုးမီးရှို့လို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်ဘက်က အရာရှိနှစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

သီတင်းကျွတ်ကာလမှာ စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Facebook