Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ ၂၃ နှစ်အရွယ် လူငယ် ပေါ်တာဆွဲခံရ

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

(နေပြည်တော်အချုပ်ထောင်အနီး ကင်းလှည့်နေတဲ့ စစ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)

အောက်တိုဘာ-၂၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

အောက်တိုဘာ ၄ ရက်က မနက် ၈ နာရီခန့်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကြီးအုပ်စု၊ သစ်တပ်ကျေးရွာနေ မိဘမဲ့ အသက် ၂၃ နှစ်အရွယ် ကိုရန်နိုင်ဦးဆိုသူကို သစ်တပ်ကျေးရွာထိပ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ လူတစ်စုက ကား ၁စီးနဲ့ မကွေးမြို့ တပ်မ(၈၈)ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူအချို့က ပြောပါတယ်။

“သူက မျက်စိအမြင်အာရုံလည်း သိပ်မကောင်းဘူး။ အရွယ်မရောက်သေးတဲ့ ညီမနှစ်ယောက်ကို ရှာဖွေကျွေးမွေးနေတာပါ။ အငယ်ဆုံးလေးက ၄ နှစ်ပဲ ရှိသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ကိုရန်နိုင်ဦးကို အောက်တိုဘာ ၁၀ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းထောင်းမြို့က စစ်မှုထမ်းသင်တန်းကျောင်း ပို့ဆောင်ခံလိုက်ရကြောင်း နီးစပ်သူအချို့က ပြောပါတယ်။

အကိုဖြစ်သူ ကိုရန်နိုင်ဦး ပေါ်တာဆွဲခံလိုက်ရတာကြောင့် ကျန်ရစ်တဲ့ ညီအစ်မ ၂ဦးဟာ လုပ်ကိုင်ကျွေးမွေးမယ့်သူမရှိတော့လို့ ဒုက္ခရောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မီးလောင်မှုကြာချိန်ကို မီးသတ်လိမ်လည်ထုတ်ပြန်

သတင်း

နေပြည်တော်မှာ ဆိုကရေးတီးပြိုင်ပွဲအကြိုအပို့လုပ်တဲ့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာယာဥ် မီးလောင်လို့ ဝန်ထမ်းတွေ ဆင်းပြေးခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှု‌တွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Facebook