Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ တောင်ဖက်ကိုလှည့်ပြီး မြောက်ကိုရီးယားက အမြောက်တွေ ဖြန့်ကျက်ထား

နှစ်နိုင်ငံ နယ်စပ်နားမှာ တောင်ဖက်ကို ချိန်ရွယ်ထားတဲ့ မြောက်ကိုရီးယား လက်နက်ကြီး အမြောက်တွေကြောင့် တောင်ကိုရီးယား ခရီးသွား ဧည့်သည်တွေ အထိတ်တလန့် ဖြစ်နေကြပါတယ်။

ဓာတ်ပုံ - Reuters

နှစ်နိုင်ငံ နယ်စပ်နားမှာ တောင်ဖက်ကို ချိန်ရွယ်ထားတဲ့ မြောက်ကိုရီးယား လက်နက်ကြီး အမြောက်တွေကြောင့် တောင်ကိုရီးယား ခရီးသွား ဧည့်သည်တွေ အထိတ်တလန့် ဖြစ်နေကြပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်နားက ရှုမျှော်ခင်းကြည့် နေရာတစ်ခုကို လာရောက် လည်ပတ်သူတွေဟာ သူတို့ဖက်ကို လှည့်ပြီး ထင်သာမြင်သာ ချိန်ရွယ်ထားတဲ့ မြောက်ကိုရီးယား ဟောင်ဝစ်ဇာ အမြောက်တွေကို သတိပြုမိခဲ့ကြတာပါ။

နှစ်နိုင်ငံကြား နယ်စပ်အရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ မြောက်ကိုရီးယားက တောင်ဖက်ကို လှည့်ပြီး ဟောင်ဝစ်ဇာတွေ ချိန်ထားခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ လတုန်းက နှစ်နိုင်ငံ နယ်စပ်မျဉ်းအဖြစ် သတ်မှတ်ထားရာ စစ်မဲ့ဇုန် (DMZ)မှာ ပေါက်ကွဲမှု တစ်ခုကြောင့် တောင်ကိုရီးယား စစ်သည် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ မြောက်ကိုရီးယား မြေမြှုပ်မိုင်းကြောင့်လို့ တောင်ကိုရီးယားက စွပ်စွဲထားပြီး မြောက်ပိုင်းမှာရှိတဲ့ ကွန်မြူနစ် နိုင်ငံကတော့ ငြင်းဆိုထားပါတယ်။

စစ်သားတွေ ဒဏ်ရာရသွားတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဖက်က ပြန်တောင်းပန်ဖို့ တောင်ကိုရီးယားက တောင်းဆိုထားပေမယ့် မြောက်ကိုရီးယားကတော့ ဒီကိစ္စ တစ်ခုလုံးဟာ တောင်ကိုရီးယားရဲ့ လုပ်ကြံ စွပ်စွဲချက်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ဟာ နှစ်နိုင်ငံ နယ်စပ်နားကို သွားရောက်ခဲ့ပြီး နယ်စပ်တလျှောက် တောင်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် ထုတ်လွှင့်တဲ့ စပီကာတွေကို အသင့်အနေအထား ပြင်ဆင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသေးစိတ် မထုတ်ပြန်သေးတဲ့ တခြား တုံ့ပြန်ရေး အစီအစဉ်တွေကိုပါ စဉ်းစားထားကြောင်း သူက ဆိုပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာတော့ မြောက်ကိုရီးယားဖက်ခြမ်းကနေ တောင်ဖက်ကို ချိန်ရွယ်ထားတဲ့ ဟောင်ဝစ်ဇာ အနည်းဆုံး သုံးခုလောက်ကို တောင်ပိုင်းက ခရီးသွား ဧည့်သည်တွေ စတင် တွေ့မြင်လာရတာ ဖြစ်ပါတယ်။ ဗီယက်နမ် စစ်ပြန်ဟောင်းကြီး တစ်ဦးကတော့ မြောက်ကိုရီးယားက ၁၂၂ မီလီမီတာ အမြောက်တွေ ဆင်ထားတယ်ဆိုလို့ သူကိုယ်တိုင် သွားကြည့်ခဲ့ကြောင်း၊ ခြိမ်းခြောက်မှုက တကယ်ပဲ အလေးထားရမယ့် အခြေအနေ ရှိနေပြီး တောင်ကိုရီးယား အစိုးရဖက်က ဘယ်လို စီမံတုံ့ပြန်မလဲ ဆိုတာကို သိချင်မိကြောင်း ပြောကြားခဲ့ပါတယ်။

ကနေဒါ နိုင်ငံကနေ လာရောက်လည်ပတ်တဲ့ အသက် ၂၈ နှစ်အရွယ် ဟန်နာ ရော်ဘင်စ်ဆိုတဲ့ အမျိုးသမီးကတော့ အဲဒီ အမြောက်တွေက တကယ်ပစ်ခတ်မှာ မဟုတ်ပါဘူးလို့ ဧည့်လမ်းညွှန်က ပြောပြခဲ့ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ကိုယ့်ဖက်တည့်တည့် လှည့်ချိန်ထားတဲ့ အမြောက်တွေကို မြင်ရတာ နည်းနည်းတော့ ကြောက်မိကြောင်း သူက ဝန်ခံခဲ့ပါတယ်။

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ဟာ ကမ္ဘာပေါ်မှာ စစ်အင်အား အများဆုံး ဖြန့်ကျက်ထားတဲ့ နေရာတစ်ခု၊ အချိန်မရွေး စစ်ရေးပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ နေရာတစ်ခု ဖြစ်ပေမယ့် လှပတဲ့ ရှုမျှော်ခင်းတွေကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နေဆဲပါ။

စစ်လက်နက် ကျွမ်းကျင်သူတွေရဲ့ အဆိုအရ မြောက်ကိုရီးယား ဖြန့်ကျက်ထားတာဟာ M-1981 အမျိုးအစား ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်တွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ၁၉၇၀ ပြည့်လွန် နှောင်းပိုင်းနှစ်တွေမှာ စတင် အသုံးပြုခဲ့ပြီး သက်တမ်း အိုဟောင်းနေတဲ့ အဲဒီ လက်နက်တွေဟာ အကွာအဝေး ၂၄ ကီလိုမီတာလောက်ထိ ပစ်ခတ်နိုင်ပါတယ်။ ဒါကြောင့် နယ်စပ်က ရှုမျှော်ခင်းကြည့် မျှော်စင်တွေသာ မကဘဲ တောင်ကိုရီးယား နယ်စပ်မြို့ ဂင်ပိုထိ အဲဒီ အမြောက်တွေနဲ့ တိုက်ခိုက်နိုင်စွမ်း ရှိမှာဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ရဲ့ နယ်စပ်မြို့ တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နေရပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံကြား တင်းမာနေမှုတွေနဲ့ ပတ်သက်ပြီး နယ်စပ် တစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးကြဖို့ တောင်ကိုရီးယား အစိုးရက အဆိုပြုလိုက်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားဖက်က ထိပါးခြိမ်းခြောက်တာမျိုးတွေ ရှိလာရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ နယ်ခြားစောင့် စစ်တပ်တွေကို မြောက်ကိုရီးယားက ညွှန်ကြားထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မတူညီတဲ့ ခရုစ်ဒုံးကျည် အမျိုးအစား နှစ်ခုကို ရေငုပ်သင်္ဘော တစ်စင်းကနေ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook