Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကဆိပ်ဖြူကပစ(၂၂) မှ ​ပေါက်သို့ အင်အားဖြည့်ဖို့စီစဥ်

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

(၂၀၂၆ ​မေလက ဆိပ်ဖြူ ကပစ (၂၂)သို့သွား​နေတဲ့စစ်တပ်ကားတန်းမှာကားအချို့။ ဓါတ်ပုံ-ဆိပ်ဖြူမီဒီယာ)

အောက်တိုဘာ-၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၂၇ ရက်) မနက်ပိုင်းက ကပစ (၂၂ )ကနေ အစီးရေ ၂၀ ကျော်ပါတဲ့ စစ်တပ်ယာဉ်တန်း တွေက ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းနဲ့ ပေါက်မြို့နယ်အစပ်ကို ဦးတည်ထွက်ခွာလာနေတာလို့ ဆိုပါတယ်။

“စုစုပေါင်း ၂၇ စီးပါတယ်။အင်အားက ၃၀၀ လောက်ရှိမယ်လို့ ယူဆတယ်။ရှေ့ပြေး နှစ်စီးက ပေါက်တောင်ပိုင်း သပြေရေကျေးရွာ နားကို အခုညနေ ချဉ်းကပ်လာတယ်”လို့ ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနဦးစစ်ရေးသုံးသပ်ချက်တွေအရ ပေါက်မြို့နယ်မှာရှိတဲ့အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄ )ကို အင်အားဖြည့်နိုင်တယ်လို့ သူက အသိပေးပါတယ်။

“ပြည်သူ့စစ်ရွာကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့မယ်ဆိုပြီး သတင်းရထားတယ်။နောက် ကပစ (၂၄) ကိုပဲ အင်အားဖြည့်တာ ။အဲဒီနှစ်မျိုးရှိတယ်။ထက်ပြီးတော့ စောင့်ကြည့်ရမယ်”လို့လည်း ပေါက်မြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ကပစ ၂၂ က လာတဲ့ ယာဉ်တန်းနဲ့ပတ်သက်ပြီး ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် ဆိပ်ဖြူ- ပေါက်လမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းတွေကို ပြည်သူတွေအနေနဲ့ သတိပြုအသုံးပြုကြဖို့လည်း တော်လှန်ရေးရဲဘော်တချို့က တိုက်တွန်းထားပါတယ်။

အခုနှစ်မေလကစပြီးစစ်တပ်ကချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် ဆိပ်ဖြူမြို့နယ်ကတဆင့် ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ မှာ အင်အားစုဖွဲ့ခဲ့ပြီး အဲဒီကနေ ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ပေါက်မြို့အရှေ့ဘက်ခြမ်း မြိုင်မြို့နယ်နဲ့ ကပ်လျက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာရေနံ မြေဒေသကိုလည်း စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ နှစ်လနီးပါးကြာ ထိတွေ့တိုက်ပွဲတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယ-မြန်မာနယ်စပ်ကနေဝင်လာပြီး မြန်မာရွာဘက်ကို စစ်ကြောင်းထိုးမီးရှို့လို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်ဘက်က အရာရှိနှစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ နောင်ချိုမြို့လယ်က ဗလီ အဆောက်အအုံကို နိုင်ငံပိုင်အဖြစ် ချိပ်ပိတ် သိမ်းယူဖို့ အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားရာ တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ (CSW)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

Facebook