နို၀င်ဘာ-၁၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ဇီးတောပြည်သူ့စစ်စခန်းက ထွက်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဝင်းမြင့်အောင်နဲ့ တပည့်ဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်သုံးလက်ရရှိတယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ကဒီကနေ့(နိုတင်ဘာ ၁) ထုတ်ပြန်ပါတယ်။
မနေ့က(အောက်တိုဘာ ၃၁ ရက်) မနက် ၆နာရီခွဲ၀န်းကျင်ကဝင်းမြင့်အောင်ကို ရှင်းလင်းမှုအတွင်း သူကိုင်ဆောင်ထားတဲ့ G3 ၁လက် ၊ 0.38အတို၁ လက်နဲ့ ကာဘိုင် ၁လက်တို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဇီးတောပြည်သူ့စစ်ခေါင်းဆောင် ၀င်းမြင့်အောင်ဟာ ဒေသခံပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးခဲ့တဲ့သူလို့ ရေစကြို ပကဖ က အသိပေးပါတယ်။

Public Service Announcement
“ဒီကောင်က တော်လှန်ရေးအစကတည်းက စစ်ကြောင်းခေါ် ရွာထဲပတ်မီးရှို့တယ်။နောက်သူတို့ရဲ့ ပျူစခန်းကလည်း ရေစကြို-မန္တလေးလမ်းမပေါ်ရှိတော့ ကားတွေကို နည်းလမ်းပေါင်းစုံနဲ့တား ပိုက်ဆံကောက်။မိန်းကလေးတွေဆိုလည်း ကာမအမြတ်ထုတ်မှုတွေလုပ်ခဲ့တယ်”လို့ ရေစကြိုပကဖ တာ၀န်ရှိသူက ပြည် သူ့စစ်ခေါင်းဆောင်ဝင်းမြင့်အောင်ရဲ့ လူထုအပေါ် အနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပကဖ)နဲ့ အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)တို့ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဇီးတောကျေးရွာဟာ ရေစကြိုမြို့အနီးက စစ်တပ်ရဲ့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၅၆၊၂၅၇၊၂၅၈) နဲ့ မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို အဓိက ချိတ်ဆက်ရာ တထောက်နားစခန်းအဖြစ် အသုံးပြုထားတာဖြစ်ပါတယ်။
“ပခုက္ကူ မန္တလေး လမ်းမပေါ်ရှိပြီး ဆင်ဖြူရှင်တံတားနဲ့လည်း မလှမ်းမကမ်းမှာရှိလို့ ဗျူဟာကျတယ်လို့ပြောရတယ်။အထိုင်စခန်းလည်းရှိပြီးစစ်တပ်နဲ့ ပြည်သူ့စစ်တွေစုဖွဲ့ထားတယ်”လို့ ရေစကြိုမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဇီးတောရွာအခြေအနေကို ပြောပါတယ်။
ရေစကြိုဒေသခံတစ်ဦးကလည်း “မနေ့က ရေစကြိုမြို့ပေါ်မှာရှိတဲ့ ရုံးပေါင်းစုံထဲက စခတွေ တမာတန်းလမ်းဆုံကို ထွက်လာတာရှိတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လဆန်းပိုင်းကလည်း ရေစကြိုမြို့နယ်၊ ဂွေးချိုပြည်သူ့စစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာရှိပြီး အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။





















































