နိုဝင်ဘာ-၁၁၊၂၀၂၆။People’s Spring
အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ထိပ်သီးအစည်း အဝေးတွေမှာအာဏာသိမ်းမြန်မာစစ်အုပ်စုပြန်လည်တက်ရောက်ခွင့်ရဖို့အတွက်အဆုံးအဖြတ်ပေးဖို့ လက်ရှိအနေအထားကမလုံလောက်သေးဘဲ စောနေသေးတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ဖုန်ကက်ကောင်က ပြောကြားသွားပါတယ်။
အာဆီယံ ထိပ်သီး ညီလာခံကို နိုဝင်ဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့တော်မှာ ကျင်းပမှာဖြစ်ပြီး ဆီဟာဆက်ဟာ အဲဒီထိပ်သီးအစည်းအဝေးမတိုင်ခင် နေပြည်တော်ကို မနက်ဖြန်( နိုဝင်ဘာ ၁၂ ရက်)မှာ လာရောက်ဖို့ ရှိနေပါတယ်။
၂၀၂၁ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခကို ဆွေးနွေး ညှိနှိုင်းအဖြေရှာကြဖို့ အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘော

Public Service Announcement
တူညီချက် ၅ ရပ် (5PC)ကို မြန်မာစစ်အုပ်စုက လက်တွေ့ အကောင်အထည်ဖော်မှု မရှိတဲ့နောက် အာဆီယံဟာ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာအာဏာသိမ်းခေါင်းဆောင်တွေကို တက်ရောက်ခွင့် ပိတ်ပင်ထားတာပါ။
အာဆီယံမှာ ပြန်လည်ဝင်ဆံ့ဖို့အတွက် အာဏာသိမ်းစစ်အုပ်စုက သံတမန်ရေးအရ အသည်းအသန် ကြိုးပမ်းနေသလို ထိုင်းအစိုးရက လည်း အာဆီယံမှာ ပြန်လည် ဝင်ဆံ့လာအောင် ကူညီပေးလိုကြောင်း အတိအလင်း ပြောဆိုထားပါတယ်။
ဒါပေမယ့် ဒီကိစ္စဟာ ထိုင်းတစ်နိုင်ငံတည်း ဆုံးဖြတ်လို့ မရဘူးလို့ ဆီဟာဆက်က CNA သတင်းဌာနနဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။
ပထမဆုံး အနေနဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လို တိုးတက် ပြောင်းလဲလာနေသလဲ ဆိုတဲ့အပေါ် မူတည်ကြောင်း၊ ပြီးတော့ ဒီလို ဆုံးဖြတ်ချက်မျိုးကို အာဆီယံ တစ်ဖွဲ့လုံးက စုပေါင်းညှိနှိုင်း ချမှတ်ရမှာဖြစ်
ကြောင်း ဆီဟာဆက်က ဆိုပါတယ်။
ထိုင်းရဲ့ မျှော်မှန်းချက်ကတော့ အာဆီယံမှာ မြန်မာကို ပြန်လည် ပါဝင်လာစေဖို့ဖြစ်
ကြောင်း၊ မြန်မာ မပါတဲ့အခါ အာဆီယံဟာ မပြည့်စုံတဲ့ မိသားစုမျိုး ဖြစ်နေကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
မြန်မာ အနေနဲ့ အာဆီယံမှာ နေရာပြန်ရဖို့အတွက်တော့ ကိုယ်တိုင် ကြိုးစားရမယ်လို့လည်း ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။
သူ့ရဲ့နေပြည်တော်ခရီးစဉ်မှာလည်းအဲဒီသဘောထားမှတ်ချက် သတင်း စကားကို မြန်မာဖက် အသိပေးမှာ ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ 5PC သတ်မှတ်ချက်တွေ အကောင်အထည်ဖော်မှု အရှိန်အဟုန် တိုးတက်လာဖို့ မျှော်လင့်ကြောင်း ဆီဟာဆက်က ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ က နေပြည်တော်မှာ မြန်မာအာဏာသိမ်းခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာထိုင်ခုံကိုတွေ့ရပုံ
ကိုးကား – CNA





















































