Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူမှာ ဂုံးသွားကောက်ရာကအပြန် စက်လှေမြုပ်ပြီးစစ်​ရှောင်ပြည်သူအပါအဝင် ၃ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှာ စက်လှေနဲ့ ဂုံးသွားကောက်ကြရာကနေ ပြန်လာချိန် စက်လှေနစ်မြုပ်တာ ကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ကျောက်ဖြူမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူ​တွေ။(ပုံအ​ဟောင်းဖြစ်ပါတယ်) ဓါတ်ပုံ- Triple T )

နိုဝင်ဘာ-၁၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှာ စက်လှေနဲ့ ဂုံးသွားကောက်ကြရာကနေ ပြန်လာချိန် စက်လှေနစ်မြုပ်တာ ကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်၊အဖိုးပြင်ရွာကရွာသားတွေနဲ့ အဲဒီရွာမှာ ခိုလှုံနေကြတဲ့စစ်ဘေးရှောင် ၁၂ ဦးဟာ ကျောက်ဖြူမြို့နယ်နဲ့ အမ်းမြို့နယ်ကြားရှိ ဆနွန်းကျွန်းသောင်ဆီ ဂုံးကောက်ဖို့သွားခဲ့ကြရာကနေ အပြန်မှာ စက်လှေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

“လှိုင်းပြင်းလို့ မြုပ်သွားတာ။ ရေကူးတတ်တဲ့သူတွေကတော့ ပြန်ရောက်လာကြတယ်။ သုံးယောက်သေပါတယ်။အလောင်းတွေတောင် သုံးရက်လောက်လိုက်ရှာလိုက်ရတယ်။ သေတဲ့သုံးယောက်မှာစစ်ရှောင်နှစ်ယောက်ပါ တယ်”လို့ ကျောက်ဖြူဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဖိုးပြင်ရွာမှ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ဂုံးသွားရှာကြတာဖြစ်ပြီး ၁၂ ယောက်အနက်၉ ယောက်က နိုဝင်ဘာ ၇ ရက်ညနေမှာရွာပြန်ရောက်ကြပေမယ့် ကျန် ၃ ယောက် ပြန်မရောက်ပါဘူး။ဒါကြောင့် လိုက်ရှာကြရာ နိုဝင်ဘာ ၈ ရက်နေ့မှာ အလောင်းနှစ်လောင်း၊ ၉ ရက်နေ့မှာ အလောင်းတလောင်းတို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရေမြုပ်သေဆုံးသွားသူတွေဟာ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးသိန်း၊ ၅၃ နှစ်အရွယ် ဒေါ်ပုမချေနဲ့ ၅၇ နှစ်အ ရွယ် ဦးမောင်အေးကြည်တို့ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ သူတို့ကို အုပ်ချုပ်ရေး၊ ရဲနဲ့ ဒေသခံရွာသားတွေက စုပေါင်းသဂြိုလ်​ပေးခဲ့ကြပါတယ်။

“အကုန်လုံးက ဆင်းဆင်းရဲရဲတွေပါ ဟင်းစားဖို့ရရင် ဟင်းစားမယ်၊ အများရရင် ရောင်းမယ်ဆိုပြီးတော့ သွားရှာကြတာ ကံဆိုးတယ်ပြောရမယ်” လို့ ကျောက်ဖြူဒေသခံက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းက စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့တိုက်ပွဲဖြစ်နေကြပြီး ပင်လယ်ပြင်နဲ့ မြစ်ပြင်အတွင်း စစ်တပ်သင်္ဘောတွေ ချထားပြီး ငါးဖမ်းသမားတွေကို လိုက်လံပစ်ခတ်၊ ဖမ်းဆီးတာတွေ ရှိနေတာ ကြောင့် ဒေသခံတွေမှာ ငါးထွက်မဖမ်းရဘဲ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံနေကြပါတယ်။

စစ်တပ်ဟာကျောက်ဖြူမြို့နယ်အတွင်းက ဒေသခံတွေကို မြို့ပေါ်တက် ဆေးကုခွင့်၊ စျေးဝယ်ခွင့်တို့ပါပိတ်ပင်ထားပြီး အခက်အခဲများစွာနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်ဖြူမှာ စစ်ဘေးရှောင်ဒုက္ခသည်ဟာလည်း သောင်းဂဏန်းရှိနေပြီး သူတို့ဟာ နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေမရကြဘဲ ဒေသခံအရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေရဲ့ အလှူထောက်ပံ့ငွေတွေ နဲ့ပဲ ရပ်တည်စားသောက်နေကြရပါတယ်။

ဆက်စပ်သတင်းများ

Facebook