Connect with us

Hi, what are you looking for?

သတင်း

ဂူဆီးဦးဆောင်တဲ့အဖွဲ့ စစ်တပ်နဲ့ ပေါင်းတာ လီဆူလူထု ကိုယ်စားမပြုဟု လီဆူအဖွဲ့တွေ ပူးတွဲ ထုတ်ပြန်

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာဂူဆီးဦးဆောင်သော အင်အား ၅၀ ​ကျော်ရှိလီဆူတပ်ဖွဲ့ စစ်အုပ်စုနဲ့ပူးပေါင်းသွားတာဟာ သူတို့ရဲ့ ရွေးချယ်မှုဖြစ်ပြီး လီဆူပြည်သူလူထုကို ကိုယ်စားမပြုကြောင်း လီဆူလူငယ်အစည်းအရုံး၊လီဆူအမျိုးသမီးများအဖွဲ့ နဲ့ ရှမ်းပြည်နယ်လီဆူတိုင်းရင်းသားရေးရာဝန်ကြီး တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

(စစ်တပ်နဲ့ပြန်​ပေါင်းသွားတဲ့ ဂူဆီး နဲ့ စစ်တပ်ခန့်မန္တ​လေးတိုင်းဝန်ကြီးချုပ်။ဓါတ်ပုံ-စစ်​ကောင်စီ)

နိုဝင်ဘာ-၁၁၊၂၀၂၆။ထားမြတ်၊ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာဂူဆီးဦးဆောင်သော အင်အား ၅၀ ​ကျော်ရှိလီဆူတပ်ဖွဲ့ စစ်အုပ်စုနဲ့ပူးပေါင်းသွားတာဟာ သူတို့ရဲ့ ရွေးချယ်မှုဖြစ်ပြီး လီဆူပြည်သူလူထုကို ကိုယ်စားမပြုကြောင်း လီဆူလူငယ်အစည်းအရုံး၊လီဆူအမျိုးသမီးများအဖွဲ့ နဲ့ ရှမ်းပြည်နယ်လီဆူတိုင်းရင်းသားရေးရာဝန်ကြီး တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

တအာင်းတပ် TNLA ကမိုးကုတ်ဒေသ မသိမ်းပိုက်ခင် စစ်တပ်လက်​အောက်ခံရဲတပ်ဖွဲ့ဝင်ဖြစ်တဲ့ ဂူဆီးဟာ ၁၀၂၇ စစ်ဆင်ရေးကာလမှာ ​တော်လှန်​ရေးတပ်​တွေကစစ်​ရေးသာလာချိန်မှာ TNLA ထံ ပူးပေါင်းခဲ့ပါတယ်။TNLA ကသူ့ကို မိုးကုတ်ဘက်က​နေ နယ်​ပြောင်းခိုင်းတဲ့၂၀၂၆ အောက်တိုဘာ ဒုတိယပတ်မှာတော့ TNLAကို စွန့်ခွာပြီးစစ်တပ်နဲ့ပြန်ပူးပေါင်းသွားတာဖြစ်ပါတယ်။

စစ်တပ်နဲ့သွားရောက်ပူးပေါင်းစဉ်က ဂူဆီးနဲ့အဖွဲ့ဟာ အင်အား ၅၀ကျော်၊ လက်နက် ၅၀ခန့်နဲ့ ပူးပေါင်းသွားတာဖြစ်ကြောင်း TNLAက ထုတ်ပြန်ထားပေမဲ့ နိုဝင်ဘာ ၁၀ရက် စစ်အုပ်စုက အလင်းဝင်အခမ်းအနား ပြုလုပ်စဉ်မှာတော့ အင်အား ၂၀၀၊ လက်နက် ၈၀ ကျော်ပါလာတယ်လို့ စစ်တပ်ကဝါဒဖြန့်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို အာဏာသိမ်း စစ်တပ်ထံ ပူး​ပေါင်းသွားတဲ့ ဂူဆီးအဖွဲ့လုပ်ရပ်ဟာ လီဆူလူထုကို ကိုယ်စားမပြုတဲ့အပြင် ဂူဆီးတပ်ဖွဲ့က မိုးကုတ်မြို့နယ်အတွင်း လီဆူလူမျိုး အရပ်သားပြည်သူများကို မတရားဖမ်းဆီးကာ ပေါ်တာဆွဲ တပ်သားအင်အားစုဆောင်းနေမှုကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းလီဆူအဖွဲ့အစည်းတွေက နိုဝင်ဘာ ၁၁ ရက်မှာထုတ်ပြန်လာတာဖြစ်ပါတယ်။

အခုလို လီဆူအဖွဲ့တွေပူးတွဲ သဘောထား ထုတ်ပြန်ရခြင်းဟာ စစ်အုပ်စုဟာ လူမျိုးစုငယ်တွေကို စည်းရုံးပြီး စစ်ရေးမှာ အသုံးချဖို့ကြိုးပမ်းလာတဲ့အပေါ် လက်မခံကြောင်း ပြသတာဖြစ်တယ်လို့ လီဆူလူငယ်အစည်းအရုံး(LYC) အထွေထွေအတွင်းရေးမှူး ဒီးဂျာဖစ်ချ်က ပြောပါတယ်။

“လက်ရှိ စကစက စစ်ရှုံးနေတဲ့ကာလမှာ သူ့အတွက် စစ်ရေးအရ ကြောထောက်နောက်ခံပြုနိုင်တဲ့ လူမျိုးစု ငယ်တွေကိုသူက ချဉ်းကပ်တယ်၊ စည်းရုံးတယ်ဆိုတဲ့ အခြေအနေ ဖြစ်တယ်လို့ ကျနော်တို့က မြင်တယ်။ လက်ရှိ မှာ ဂူဆီးက စစ်ကောင်စီဆီမှာ လက်နက် ချသွားတဲ့အခါမှာလည်းလီဆူဒေသတွေကိုကာကွယ်ဖို့အတွက် ဆက်လက်ပြီး ရပ်တည်သွားမယ်လို့ သူပြောတာတွေရှိတယ်။ဒါအမျိုးသားရေးအရ ဆက်ပြီးတော့ လူထုကို စည်းရုံးမယ် လူထုတွေကို စု​ဆောင်းမယ် ဆိုတဲ့ သဘောမျိုးဖြစ်တယ် ဒါက လီဆူလူထုအတွက် အရမ်းအန္တရာယ်များတယ်လို့ ရှုမြင်တယ်” လို့ ဒီးဂျာဖစ်ချ်ကရှင်းပြပါတယ်။

လီဆူပြည်သူလူထုတရပ်လုံးအနေဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ လူမျိုးရေးအရ သွေးခွဲသပ်လျှိုမှုများကို သတိကြီးစွာထားဖို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အ

ပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးနဲ့ လူနည်းစုလူမျိုးစုများ အပါအဝင် လူမျိုးစုများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးကို အပြည့်အဝအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျရာအခန်းကဏ္ဍတွင် တော်လှန်ရေးအင်အားစုများနဲ့ အတူ ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

လီဆူလူမျိုးတွေဟာ ၂၀၂၁ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လူမျိုးပေါင်းစု ပြည်သူလူထုတရပ်လုံးနဲ့ အတူ တခဲနက် ဆန့်ကျင်တော်လှန်ခဲ့သလို လီဆူလူမျိုးများဟာစစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကဏ္ဍအသီးသီးမှာ ဦးလည်မသုန် တော်လှန် တိုက်ပွဲဝင်နေဆဲ ဖြစ်ကြောင်းလည်း ​ဖော်ပြထားပါတယ်။

စစ်အုပ်စုနဲ့ ပြန်ပး​ပေါင်းသွားတဲ့ ဂူဆီဆိုသူဟာ ယုံကြည်ချက် မခိုင်မာဘဲ သာတဲ့ဘက်ကူးတဲ့ သဘောဖြစ်တယ်လို့လည်း လီဆူလူငယ်အစည်းအရုံအထွေထွေအတွင်းရေးမှူး ဒီးဂျာဖစ်ချ်က ပြောပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေးအားကောင်းတဲ့အချိန်မှာ TNLA ဆီကိုရောက်လာတယ်။ တော်လှန်ရေးဘက်ခြမ်းကို ရောက်လာတယ်ပေါ့လေ။ ၁၀၂၇ ပြီးလို့ တရုတ်ဖိအားကြောင့် မိုးကုတ်၊ မိုးမိတ် ကို ပေးလိုက်ရတဲ့အခါမှာ စစ်ကောင်စီဆီ ပြန်ပြီးခိုလှုံသွားတဲ့သဘောပဲ။ ဒါသူ့ရဲ့ နဂိုရ်ကတည်းက ယုံကြည်ချက် ခံယူချက်က မရှင်းလင်းဘူးဆိုတာပေါ်လွန်တယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် TNLA ကနေ စစ်တပ်ထံ အလင်းဝင်စဉ်က အင်အား ၅၀ သာရှိပြီး စစ်တပ်ဝါဒဖြန့် သတင်းမှာ အလင်းဝင်သူ ၂၀၀ ခန့်ရှိကြောင်း ဖော်ပြတာဟာ သတင်းကို ချဲ့ကားတာဖြစ်နိုင်သလို ဂူဆီးအဖွဲ့က နယ်မြေအတွင်းရှိ လူငယ်တွေကို ပြန်စုဆောင်းထားတာလည်းဖြစ်နိုင်ကြောင်း ဒီးဂျာဖစ်ချ်က သုံးသပ်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တဦးရဲ့ ပြောပြချက်အရ ဂူဆီးဦးဆောင်တဲ့ အဖွဲဟာ TNLA ထံ ပူးပေါင်းပြီးနောက် မိုးမိတ်ဒေသမှာ အခြေပြုခဲ့တာလို့ဆိုပါတယ်။ အောက်တိုဘာလမှာတော့ ဂူဆီးတပ်ဖွဲကို TNLA ဗဟိုက နမ့်ဆန်သို တပ်ရွှေ့ပြောင်းခိုင်းရာ အမိန့်မလိုက်နာဘဲ ကျောက်မဲက စစ်တပ်ထံ ပူး​ပေါင်းခဲ့တာဖြစ်ပါတယ်။ တပ်ဖွဲဝင် ၅၁ဦး အလင်းဝင်ခဲ့တာဖြစ်ပြီး လက်နက် ၄၉ လက်ပါသွားတယ်လို စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အခု စစ်တပ်နဲ့ အလင်းဝင်သွားတဲ့ ဂူဆီး ဆိုသူဟာ အရင်က မိုးကုတ်-မိုးမိတ်ကြား မိုးကုတ်မြိုနယ် ပိန်းပြစ်ရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲဝင်ဟောင်းတဦးဖြစ်သလို နောက်ပိုင်းမှာ ယောက္ခမအရှိန်အဝါနဲ့ ပေါင်းပြီးဒေသတွင်းမှာ အာဏာတည်ဆောက်ထားသူဖြစ်တယ်လို စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီဂူဆီးအဖွဲက အောက်တိုဘာ ၁၃ရက်နေ့မှာ ကျောက်မဲမှာအလင်းဝင်ပြီးသား။ အဲဒီအချိန်မှာပဏာမ ပါခဲ့တဲ့သူက ၅၁ဦး။အဲဒီမှာ TNLAမှာ အခြားတပ်ရင်းတွေမှာ ရှိနေတဲ့ မိုးကုတ်က လီဆူဒေသခံတွေကို ပြန်ပြီးမှ ခေါ်တာ စည်းရုံးတာ။ သူတိုရဲ့ မိသားစုတွေကို ဖမ်းဆီးအကြပ်ကိုင်ပြီးမှ လူများအောင်ပြန်လုပ်တာ။ အဲဒါကြောင့်မို လူက အယောက် ၂၀၀ လို ပြောလာတာ။ အယောက် ၂၀၀ တော့ ပြည့်ချင်ပြည့်မှာပေါ့။” လိုစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဂူဆီးဟာ စစ်အုပ်စုထံ ဘက်ပြောင်းသွားကတည်းက ပြည်သူ့စစ်လုပ်မယ်ဆိုပြီး လူစုတာတွေလုပ်ဆောင်နေတာလို ပြောပြပါတယ်။

“သူကလည်း တပ်ဖွဲတခု ပြည်သူ့စစ်အနေနဲ့ထူထောင်မယ်ဆိုလိုရှိရင် မအလ စစ်တပ်ရဲ့ ပြည်သူ့စစ်မူဝါဒဆိုတာရှိတယ်။အဲဒါ ဘယ်နှစ်ယောက်ပြည့်ရမယ်ဆိုတဲ့ဟာမျိုးရှိတယ်။ အဲဒီတော့ သူက တရားဝင်အဖွဲအနေနဲ့ လက်နက်ချပြီး မှ အဖွဲအစည်းထူထောင်လိုက်ပြီဆိုရင် သူ့ဆီမှာ အင်အားတောင့်တင်းနေဖိုလိုတယ်။ အဲဒါကြောင့်မို သူက အယောက် ၂၀၀ ပြည့်အောင် လုပ်ယူပြီးမှ အခုမှ တရားဝင် လက်နက်ချ အခမ်းအနားလုပ်တဲ့သဘောပါ” လို စစ်ရေးသတင်းရင်းမြစ်က သူထင်မြင်ချက်ကိုပြောပါတယ်။

ဂူဆီးက နိုဝင်ဘာ ၁၁ ရက်က စစ်တပ်နဲ့ပူး​ပေါင်းတဲ့အထိမ်းအမှတ်အခမ်းအနားမှာ ​ကျောက်မျက်ရတနာ​တွေ အဓိကထွက်တဲ့မိုးကုတ် နဲ့ မိုးမိတ်မှာ စစ်တပ်နဲ့​ပေါင်းပြီး နယ်​မြေ လုံခြုံ​ရေး၊ငြိမ်းချမ်း​ရေး​ဆောင်ရွက်မယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာ​တွေကို ​ပြောပါတယ်။ TNLA နဲ့ပူး​ပေါင်းခဲ့စဥ် အဆင်မ​ပြေတာ​တွေရှိခဲ့ပြီး အခုအခါမှာ သူ့တပ်ဖွဲ့ကို လီဆူးပြည်သူ​တွေပူး​ပေါင်းနိုင်တယ်လို့လည်းဆိုပါတယ် ။ မိုးမိတ်မှာ KIA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေက စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တိုက်ခိုက်​နေပြီး တိုက်ပွဲ​တွေ ပြင်းထန်​နေပါတယ် ။

TNLAကလည်း ဂူဆီးတပ်ဖွဲ ဘက်ပြောင်းသွားမှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာတော့ ဂူဆီးတပ်ဖွဲရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ်စောင့်ကြည့်ကာ အကယ်၍ ပြည်သူအပေါ် ဖိနှိပ်စော်ကားတာ ပြုလုပ်ရင် အရေးယူမယ်လို ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

Facebook