Connect with us

Hi, what are you looking for?

သတင်း

စူပါအယ်လ်နီညိုအတွက်လူထုသပိတ်ကော်မတီတွေလုပ်ငန်းစဉ်(၃)ရပ်ချမှတ်ဆောင်ရွက်နေ

​စူပါအယ်လ်နီညို ရာသီဥတုဘေးအန္တရာယ်အတွက် လူထုသပိတ်ကော်မတီတွေက လုပ်ငန်းစဉ် (၃) ရပ် ချမှတ်ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ပါတယ်။

(ကျေးရွာတစ်ရွာတွင် အယ်နီညို အသိပညာပေးလက်ကမ်းစာစောင်များအား ဝေငှနေစဥ် ဓါတ်ပုံ-ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီ)

နိုဝင်ဘာ-၁၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

​စူပါအယ်လ်နီညို ရာသီဥတုဘေးအန္တရာယ်အတွက် လူထုသပိတ်ကော်မတီတွေက လုပ်ငန်းစဉ် (၃) ရပ် ချမှတ်ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ပါတယ်။

​စစ်ဘေးအန္တရာယ်နဲ့ စီးပွားရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အညာဒေသမှာ ဖြစ်ပေါ်လာနိုင်တဲ့ စူပါအယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ထိခိုက်မှုတွေ လျော့ပါးစေဖို့ ဒေသတွင်း လူထုသပိတ်ကော်မတီတွေက လုပ်ငန်းစဉ် (၃) ရပ် ချမှတ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေကြောင်း လူထုသပိတ်ကော်မတီတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စူပါအယ်လ်နီညိုဟာ အညာဒေသရဲ့ ကျန်းမာရေး၊ သောက်သုံးရေဖူလုံရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ဖျက်ဆီးဖို့ အရှိန်ယူနေပါပြီ။ ဒါပေမဲ့ နေ့စဉ် စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး ရုန်းကန်နေရတဲ့ အညာပြည်သူတွေအဖို့ ဒီရာသီဥတုဘေးကို အာရုံမစိုက်နိုင်သေးသလို၊ အင်တာနက်ဖြတ်တောက်ခံထားရတာကြောင့်လည်း သတင်းအချက်အလက်နဲ့ ကြိုတင်ပြင်ဆင်နိုင်မှုတွေမှာ အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း လူထုသပိတ်ကော်မတီတွေက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဒေသအသီးသီးက လူထုသပိတ်ကော်မတီတွေဟာ နိုင်ငံရေးလှုပ်ရှားမှုသာမကဘဲ ပြည်သူ့အကျိုးပြု လူသားချင်းစာနာမှုလုပ်ငန်းတွေကိုပါ တစ်ပြိုင်နက်တည်း ပေါင်းစပ်ဖော်ဆောင်ဖို့ အရေးတကြီး လိုအပ်လာကြောင်း အဆိုပါအဖွဲ့တွေက ဆိုပါတယ်။

ဒါ့ကြောင့် သပိတ်ကော်မတီတွေက လက်ရှိ အဓိက လုပ်ငန်းစဉ် (၃) ရပ်ကို အကောင်အထည်ဖော်နေပြီး နံပါတ်(၁)အသိပညာပေးရေးနဲ့ လှုံ့ဆော်ရေး အတွက် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေအထိ လက်ကမ်းစာစောင်ဝေတာ၊ မြေပြင်ဟောပြောပွဲလုပ်တာတွေနဲ့ စတင်လှုပ်ရှားနေကြောင်း အသိပေးပါတယ်။

နံပါတ် (၂) ကြိုတင်ပြင်ဆင်ရေး အတွက် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အပူဒဏ်နဲ့ ရေရှားပါးမှုအတွက် ကြိုတင်ပြင်ဆင်မှု အစီအမံတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နံပါတ် (၃) အရေးပေါ် ကူညီကယ်ဆယ်ရေး အတွက်အပူချိန်နဲ့ မိုးခေါင်မှုဒဏ် အဆိုးရွားဆုံးခံစားရချိန်မှာ ပြည်တွင်းပြည်ပ အချိတအဆက်တွေနဲ့ ပေါင်းစပ်ပြီး အရေးပေါ်အကူအညီနဲ့ အရင်းအမြစ်တွေ ဖြန့်ဝေပေးနိုင်ဖို့ ချိတ်ဆက်ပြင်ဆင်နေကြောင်း ထပ်မံအသိပေးပါတယ်။

“ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ အသိပညာပေးမှု၊ လှုံ့ဆော်မှု၊ကြိုတင်ပြင်ဆင်မှုတွေနဲ့ လူထုနဲ့အတူ ဒီအကျပ်အတည်းကို ဖြတ်သန်းကျော်လွှားနိုင်ဖို့ ပိုပြီး အားထုတ်ကြရဦးမှာ ဖြစ်ပါတယ်”လို့ လူထုသပိတ်ကော်မတီတွေကတွေက ဆိုပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းမှာ အယ်နီညိုကြောင့် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ရွာသွန်းခဲ့တဲ့မိုးကြောင့် စပါးပင်တွေ လဲပြိုပျက်စီးတာတွေ ဖြစ်ပေါ်နေကြောင်း တောင်သူတွေက ပြောပါတယ်။

“ပိုဆိုးသွားနိုင်တာပေါ့နော်။ စစ်ဘေးဒုက္ခရော၊ စစ်ဘေးရှောင်လာရပြီဆိုရင် ဒီလောက်စူပါအယ်နီညိုဖြစ်နေတဲ့အချိန်မှာ စစ်တပ်က စစ်ကြောင်းထိုးလာရင် ပြေးရလွှားရတာတွေရှိမယ်။ အမိုးအကာမရှိတဲ့နေရာတွေမှာ ရှောင်

တိမ်းရတာရှိမယ်။ ပိုတောင်ဆိုးလာနိုင်တယ်။ ပြီးရင် စစ်တ​ပ်က မီးရှို့သွားမယ်ဆိုရင် ခိုလှုံစရာ အမိုးအကာတွေ မရှိတော့ဘဲ စုပါအယ်နီညိုဒဏ်ကို ပိုပြီးတော့ ခံလာရနိုင်တဲ့ဘဝတွေ ဖြစ်ပါတယ်”လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ကိုရှင်းသန့်က ပြောပါတယ်။

ပြင်းထန်လာမယ့် စူပါအယ်လ်နီညိုကာလအတွင်း အပူဒဏ်နဲ့ ရေရှားပါးမှုကြောင့် ပြည်သူ့အသက်အိုးအိမ် ဆုံးရှုံးမှုမရှိစေရေးဟာ တော်လှန်သူတိုင်းရဲ့ မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတစ်ရပ်ဖြစ်ကြောင်း လူထုသပိတ်ကော်မတီတွေက ထုတ်ပြန်ပါတယ်။

အဆိုပါထုတ်ပြန်ချက်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB)၊စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၊အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)⁩တို့ ပူးတွဲထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook