Connect with us

Hi, what are you looking for?

သတင်း

စစ်တွေ၊ ရွှေမင်းဂံရေတပ်နဲ့ ငပြီကျွန်းကမ်းစပ်မှာတိုက်ပွဲပြင်းနေ

AAကစစ်သင်္ဘောနောက်တစီးကိုထိမှန်​အောင်ပစ်ခတ်၊ သင်္ဘောပေါ်ရှိ စက်သေနတ်ပျက်စီးပြီး စစ်သားအချို့ သေဆုံး

(ကျောက်တော်မြို့နယ်မှာ AA က ၂၀၂၄ နှစ်ဆန်းပိုင်းမှာ တိုက်ခိုက်၊ သိမ်းယူခဲ့တဲ့ စစ်တပ်သင်္ဘောတစီး။ ။ဓါတ်ပုံ - AA Info Desk)

နိုဝင်ဘာ-၁၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေမြို့အရှေ့ဘက်ရှိရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင် နဲ့ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းစပ်တို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး AA က စစ်တပ်ရဲ့ စစ်သင်္ဘောတစီးကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က ငပြီကျွန်းပေါ်ကို ကမ်းထပ်တက်ဖို့ ကြိုးစားချဥ်းကပ်လာတာကြောင့် ကမ်းစပ်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီးစစ်တပ်ကငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားချိန် AA ကလည်း ရွှေမင်းဂံရေတပ်ရဲ့ အနီးဆုံးကာကင်းကို ဝင်ရောက်တိုက်ခိုက်နေတာလို့ စုံစမ်းသိရပါတယ်။

“ရွှေမင်းဂံရေတပ်နားမှာချောင်းနွယ်(ရွှေမင်းဂံ)ရွာဆိုတာရှိတယ်။အဲဒီနားမှာ တိုက်ပွဲဖြစ်နေကြတယ်။ အခြေအနေကတော့မထူးသေးပါဘူး။ငပြီကျွန်းဘက်မှာလည်းတိုက်ပွဲရှိပါတယ်။ ေ ွးတွေ ကမ်းပေါ်တော့ တက်လို့ မရ ဘူး။ ကမ်းစပ်မှာပဲ ဖြစ်နေကြတာ” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလိုစစ်တပ်ကငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားနေချိန် ရွှေမင်းဂံရေတပ်စခန်းအနီး လုံခြုံရေးယူ၊ ရပ်ထားတဲ့ စစ်တပ်ရဲ့ သင်္ဘောတစီးကို AA က အဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်ရာ ထိမှန်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

“ဒီနေ့မနက်အစောကြီးမှာချလိုက်တာ။ထိသွားပါတယ်။ လုံး၀ကြီးတော့ မပျက်ဘူး။ သင်္ဘောဦးပိုင်းမှာ ထိသွား တယ်။ စက်လက်(သေနတ်)တင်ထားတဲ့နေရာ ၊အဲဒါတွေပါ ပျက်သွားမယ်ထင်တယ်။ လူတွေလည်း သေသွားလောက်တယ်” လို့ စစ်တွေမြို့နယ်မှ နောက်ထပ်မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်ညနေပိုင်းထိ ငပြီကျွန်းနဲ့ ရွှေမင်းဂံရေတပ်အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်ပြီး စစ်တွေမြို့ပင်လယ်၀ ပွိုင့်ကမ်းခြေအနီး ရပ်နားထားတဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

“မနက်ကအချက် နှစ်ဆယ်၊ သုံးဆယ်လောက်ပစ်တယ်။ ညနေလည်း ပစ်တယ်။ စစ်တပ်ကနာသွားတယ်ကြားတယ်။အဲဒါကြောင့် ပစ်နေတာ။ ညဘက် လေယာဉ်လာဖို့ ကြောက်နေရသေးတယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်းကတပ်စခန်း​တွေလက်လွှတ်ရပြီး စစ်သင်္ဘောတွေပါ ထိမှန်၊ ပျက်စီးနေရတဲ့ စစ်တပ်ဟာ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ ဒုတိယအကြိမ်ထိုးစစ်လုပ်နေပြီး အမြင့်ကျွန်း၊ ငတောက်တက်ဝန်းကျင် ကနေ စစ်ကြောင်းထိုး၊ ထိုးဖောက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။အင်အားအများအပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာဘက်ဆီ ထိုးစစ်ဆင်ဖို့ ကြိုးစားနေ တဲ့ စစ်တပ်ကို AA က ကြားဖြတ်တိုက်ခိုက်နေပြီး ငတောက်တက်၊ အမြင့်ကျွန်း၊ ဝါဘိုကျွန်းဝန်းကျင်မှာလည်း တိုက် ပွဲ ဖြစ်နေကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“အရင်တခေါက်ကလိုအမြင့်ကျွန်းတံတားကနေတော့ ဖြတ်သွားလို့မရတော့ဘူး။ ကိုယ့်ဘက်က အသေပိတ်ထား တယ်”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ ရွှေမင်းဂံဝန်းကျင်၊ အမြင့်ကျွန်းဝန်းကျင်အပြင် မြို့အနောက်ဘက် ရေချမ်းပြင်၊ ပြင်ရှည် ရွာဝန်းကျင်ရှိ စစ်တပ်စခန်းတွေနဲ့ အဲဒီအနီးရှိ ထောက်ပို့တပ်ရင်း​​တွေကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်ပေးခဲ့တဲ့ စစ်တပ်ရဲ့ ထိုးစစ် နှစ်လကျော်အတွင်း AA ဟာ စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခုကို သိမ်းပိုက်ပြီး စစ်တပ်သင်္ဘော ၅ စီး ထက်မနည်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook