နိုဝင်ဘာ – ၂၁ ၊ ၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ရဲ့ထပ်ပိုင်းခေါင်းဆောင်ပိုင်း ၆ ဦးထိကျားဖြန့် နဲ့ဆက်စပ်တယ်ဆိုပြီးအမေရိကန်ရဲ့ဒဏ်ခတ်အရေး ယူပိတ်ဆို့မှုစာရင်းမှာပါဝင်နေပါတယ်။
ကျားဖြန့်ကြောင့်ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းDKBA ရဲ့ထိပ်ပိုင်းခေါင်း ဆောင် ၄ ဦးကိုအမေရိကန်က စတင်အရေးယူပါတယ်။အဲဒီနောက် ဒီဇင် ဘာလမှာ ထိပ်ပိုင်းခေါင်းဆောင်တွေကို DKBA က အပြောင်းအလဲပြုလုပ်လာခဲ့ပါတယ်။
ဒါပေမယ့်တစ်နှစ်အကြာအခုနှစ် နိုဝင်ဘာလမှာလည်းနောက်ထပ်ထိပ်ပိုင်ခေါင်းဆောင် ၂ ဦးကို အမေရိကန်ထပ်မံ ပိတ်ဆို့အရေးယူတာပါ။

Public Service Announcement
ပထမအကြိမ်အရေးယူခံရတဲ့လေးဦးကတော့ DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီး၊ စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်၊ အမှတ်(၁)စစ်ကွပ်ကဲရေးမှုးဗိုလ်မှုးချုပ် စိုင်းကျော်လှ၊ စစ်ရေးချုပ် ဗိုလ်မှုးကြီးစောစိန်ဝင်းတို့ ဖြစ်ပြီး သူတို့ လေးဦးနဲ့အတူ DKBA တပ်ဖွဲ့ကိုလည်း ဒဏ်ခတ်မှုစာရင်းမှာထည့်သွင်းပါတယ်။
အဲဒီလိုအရေးယူခံရပြီးတစ်လအကြာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ မှာ DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီကတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်အရေးယူခံထားရသူဗိုလ်ချုပ်ကြီးစောစတီးလ်ကို တပ်ဖွဲ့ရဲ့ ဗဟိုအကြံပေးအဖွဲ့(ဦးဆောင်နာယကကြီး)အဖြစ် ပြောင်းလဲလိုက်ပြီး လစ်လပ်သွားတဲ့ စစ်ဦးစီးချုပ်နေရာမှာ ဒုစစ်ဦးစီးချုပ်ဖြစ်သူစောရွှေဝကိုတာဝန်ပေးပါတယ်။
အခုတစ်ကြိမ် ဒဏ်ခတ်အရေးယူမှုမှာ စစ်ဦးစီးချုပ်အသစ်ဖြစ်သူစောရွှေဝ၊ အမှတ်(၂)စစ်ကွပ်ကဲရေးမှုး ဗိုလ်မှုးချုပ်စောအေဝမ်းတို့ ပါဝင်လာတာပါ။ဗိုလ်မှုးချုပ်စောအေဝမ်းဟာ ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ကြီးစိုးထားတဲ့ DKBA ရဲ့ ထိပ်ပိုင်းတပ်မှုး ဖြစ်ပါတယ်။
သူတို့၂ ဦးဟာ အမေရိကန်နိုင်ငံသားတွေကိုပစ်မှတ်ထားပြီးလိမ်လည်နေတဲ့ကျားဖြန့်( အွန်လိုင်းငွေလိမ်လည်မှု စင်တာ)တွေကိုလုံခြုံရေးအရ အကာအကွယ်ပေးနေပြီး ပံ့ပိုးကူညီနေတယ်လို့ အမေရိကန် အစိုးရဲ့ ကြေညာချက်မှာပါရှိပါတယ်။
DKBA ဘက်ကတော့ ကျားဖြန့်မှာပါဝင်ပတ်သက်မှု မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
DKBA ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ မှာ လက်မှတ်ထိုးခဲ့ပါတယ်။ စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းမှုအပြီးမှာ စစ်တပ်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေရှိတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
အမေရိကန်ရဲ့ အရေးယူမှုမှာတော့ DKBA ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေအမေရိကန်ဒါမှမဟုတ် အမေရိကန်ကုမ္ပဏီတွေရဲ့ထိန်းချုပ်မှုအောက်ရှိရင်သိမ်းဆည်းခံရမှာဖြစ်သလို သူတို့ရဲ့ နိုင်ငံတကာငွေကြေး ပေးချေမှုတွေအပေါ်မှာပါ သက်ရောက်မှုတွေရှိလာမှာပါ။

























































