Connect with us

Hi, what are you looking for?

News

မရမ်းကုန်းက မင်း​အောင်လှိုင်မွေး​နေ့အသုဘ မီးရှို့ဆန္ဒပြပွဲ

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်​မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းမပေါ်တွင် ယနေ့ (ဇူလိုင် ၃ ရက်​) နေ့လည်ပိုင်းက လူငယ်များ စုပေါင်း၍ စစ်​ကောင်စီဥက္ကဌမင်း​အောင်လှိုင် ၏မွေး​နေ့ အသုဘအခမ်းအနားပြုလုပ်ပြီး ၎င်း၏ အ​င်္ကျီကို မီးရှို့သဂြိုလ်၍ ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူ ၂၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။

“မွေးနေ့မှစ၍ မြန်မြန်သေပါစေကြောင်း ပြည်သူများက ဆုမွန်ကောင်းတောင်းအပ်ပါသည်” စာတန်းကိုင်ဆောင်၍ ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြပြီး မင်းအောင်လှိုင်၏ အင်္ကျီကိုလည်း မီးရှို့ သဂြိုလ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ရက် ၁၅၃ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် သမ္မတရာထူး မရယူခင်တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project ကသတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အ.ထ.က ၂ မှ ရှစ်တန်းကျောင်းသားမောင်ဖြိုးမြတ်အောင်ကို စစ်ကောင်စီက နိုဝင်ဘာလ၂၇ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

CNN သတင်းဌာနရဲ့ ခေါင်းစဉ်မှာတော့ ICCရဲ့ တရားလို ရှေ့နေဟာ မြန်မာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။