Connect with us

Hi, what are you looking for?

News

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီးနှစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရပြီး တစ်ဦးသေဆုံး

“အခုဆရာကို သတ်ထဲအထဲမှာ တချို့မျက်မြင်တွေပြောနေတာ က စစ်တပ်ကကောင်တွေတောင် ပါတယ် ပြောနေတယ်။ အတူတူပါပဲ။ ပျူစောထီးကောင်တွေလည်း ဘယ်လလိုဖြစ်နေ ဖြစ်နေ သေနတ်ကို ဖြောင့်အောင် ပစ်တက်တဲ့ကောင် ပါချင်မှ ပါမှာ။သူတို့ပဲ အတူတူ လာပြီးတော့ ပစ်ကြတာ” ဟု မြင်းခြံမြို့ခံက ပြောသည်။

မြင်းခြံမြို့တွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦး ယနေ့နံနက်က ​သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်ပွားရာ တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

မြင်းခြံမြို့ ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်သူ စွန်းလွန်းအုပ်ချုပ်ရေးမှူး ဦးအောင်မိုးသန့်သည် ယနေ့နံနက် ၈နာရီကျော်တွင် ​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၎င်း ကဆိုသည်။

ထို့အပြင် နံနက် ၁၁နာရီခန့်တွင်လည်း ကားပေါ်လိုက်ပါလာသည့် အမှတ်(၆)ရပ်ကွက် ဥက္ကဋ္ဌဦးကျော်ဦးကို ​သေနတ်ဖြင့်ပစ်သတ်ခံရပြီး ကျည်ထိမှန်ခြင်းရှိ၊မရှိ မသိရဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။။

“မနက်ခင်း ဖြစ်စဉ် စွန်းလွန်းအုပ်ကြီးက သေတယ်တဲ့။ Wish( Toyota wish အမျိုးအစား မော်တော်ယာဉ်)နဲ့က ကျွန်တော်ကြားတာက အမှတ်(၆) ဥက္ကဋ္ဌလို့ကြားတယ်။ ကားကို ကျော်ပြီး အတိုနဲ့ ကပ်ပစ်တာလို့ ပြောတယ်။ ကလေးတွေက နောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး နောက်လှည့်ပစ်တာ လေးချက်ပစ်သွားတယ်လို့ ပြောတယ်။ မသေဘူးလို့တော့ ပြောတယ်” ဟု ၎င်းက ​ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ မြင်းခြံမြို့၌ ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စွန်းလွန်းအုပ်ချုပ်ရေးမှူးအား ပစ်ခတ်သတ်ဖြတ်ခြင်းမှာ Zero ပြောက်ကျားအဖွဲ့မှ ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အမှတ်(၆) ရက်ကွက် ဥက္ကဋ္ဌကိုမူ မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သည်ဆိုခြင်းကို အတည်မပြုနိုင်သေးပေ။

မြင်းခြံမြို့တွင် Zero ပြောက်ကျားအဖွဲ့နှင့် Seven People Defence Force အဖွဲ့ တို့က စစ်ကောင်စီခန့် ဥက္ကဋ္ဌ နှင့် စစ်ကောင်စီသတင်းပေး ဒလန်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကို ပစ်ခတ်လုပ်ကြံမှုများ ပြုလုပ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီ ဘက်ကလည်း ပျူစောထီးဟူသည့် အမည်အသုံးပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များနှင့် အမာခံများကို ခြိမ်းခြောက်စာများထုတ်ပြန်ထားသည်။ အဆိုပါ စာတွင် ပါရှိသည့် လူစာရင်းများအနက် ဆရာ ဦးမိုးဟိန်းနှင့် ၎င်း၏ ဇနီးတို့ကို ဇူလိုင် ၂ရက်တွင် ပျူစောထီးအမည်ခံ လက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်သွားသည်။

ယနေ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား ပစ်ခတ်ခြင်းမှာလည်း အဆိုပါ ကျောင်းဆရာလင်မယား သတ်ဖြတ်ခံရ ခြင်းအပေါ် မြန်မြန်ဆန်ဆန် တုံ့ပြန်ခြင်းဖြစ်နိုင်ဟု မြင်းခြံမြို့ခံက ပြောသည်။

“အခုဆရာကို သတ်ထဲအထဲမှာ တချို့မျက်မြင်တွေပြောနေတာ က စစ်တပ်ကကောင်တွေတောင် ပါတယ် ပြောနေတယ်။ အတူတူပါပဲ။ ပျူစောထီးကောင်တွေလည်း ဘယ်လလိုဖြစ်နေ ဖြစ်နေ သေနတ်ကို ဖြောင့်အောင် ပစ်တက်တဲ့ကောင် ပါချင်မှ ပါမှာ။သူတို့ပဲ အတူတူ လာပြီးတော့ ပစ်ကြတာ” ဟု မြင်းခြံမြို့ခံက ပြောသည်။

မြင်းခြံမြို့သည် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု အားကောင်းခဲ့သည့် မြို့ဖြစ်ပြီး စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံး ဒဏ်ရာရနှင့် ဖမ်းဆီးခံရသူ အများအပြား ရှိသည့်မြို့လည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။