Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်နေထိုင်မကောင်းဖြစ်နေ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးမကောင်းလို့ခွင့်ယူတာဖြစ်ပြီး လာမယ့် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၀ ရက်ကိုချိန်းဆိုထားပါတယ်။

Photo - AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေမကောင်းတာကြောင့် စစ်ကောင်စီက စွဲဆိုထားတဲ့ အစိုးရလျှို့ဝှက်အက်ဥပဒေအမှုအတွက် ဒီနေ့ ရုံးချိန်းကိုမလာရောက်နိုင်ခဲ့ဘူးလို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးမကောင်းလို့ခွင့်ယူတာဖြစ်ပြီး လာမယ့် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၀ ရက်ကိုချိန်းဆိုထားပါတယ်။

“ဒီကနေ့ကရုံးချိန်းပဲယူတာ။ရိုးရိုးနေမကောင်းတာပါ။ ဆေးရုံတက်ရတာမျိုးမဟုတ်ဘူး။အသက်ကြီးတော့ ပင်ပန်းတာများပြီးဖြစ်တာပါ ” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းကလည်း နေထိုင်မကောင်းတဲ့အတွက် တရားရုံးရောက်ပြီးမှ ပြန်သွားခဲ့ရတာရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် ကို ပုဒ်မပေါင်း ဒါဇင်ကျော်နဲ့ စွပ်စွဲတရား စွဲဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”