Connect with us

Hi, what are you looking for?

News

NUGက ဦးဆောင်ကျင်းပသည့် ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅)နှစ်မြောက် အခမ်းအနားကိုကြိုဆိုကြောင်း KPICT သဝဏ်လွှာပို့

KPICTကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် ကချင် နိုင်ငံရေးအင်အားစုများ၊ အဖွဲ့အစည်းများဖြင့် ဖွဲ့စည်း ထားပြီး ယခုတော်လှန်ရေးကာလတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

▪️အခမ်းအနားတွင် KIO ဗဟိုကော်မတီကိုယ်စား KIA စစ်ဦးစီးချုပ် မိန့်ခွန်းပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဦးဆောင်ကျင်းပသည့် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅နှစ်မြောက် အခမ်းအနားကို ကြိုဆိုကြောင်းနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ကချင်အဖွဲ့ အစည်းများဖြင့် စုဖွဲ့ထားသည့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)က သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဖေဖော်ဝါရီ ၁၂ရက်) ကျရောက်သည့် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅နှစ်မြောက် အထိမ်းအမှတ် အခမ်း အနားအား ကျင်းပပြုလုပ်ခြင်းသည် ယခင် အကောင်အထည်မဖော်ခဲ့သော ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လက်တွေ့အကောင် အထည်ဖော်ရန် စတင်သော အထိမ်းအမှတ်အဖြစ် ကြိုဆိုကြောင်း ဖော်ပြထားသည်။

KPICTကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် ကချင် နိုင်ငံရေးအင်အားစုများ၊ အဖွဲ့အစည်းများဖြင့် ဖွဲ့စည်း ထားပြီး ယခုတော်လှန်ရေးကာလတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်ကျင်းပသည့် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅နှစ်မြောက် အခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီ ကိုယ်စား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က မိန့်ခွန်းပြောကြားခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ၎င်း၏လူမှုကွန်ရက်မှ တစ်ဆင့် ဖော်ပြခဲ့သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ခြင်း မရှိ၍ ပြည်တွှင်းစစ် ရှည်ကြာနေသည်မှာ ယနေ့အထိ ဖြစ်သည်ဟု KPICTက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရမှ ပင်လုံစာချုပ်၏ အနှစ်သာရများဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီရေးဖြစ်သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို ရှင်သန်စေရန် ရည်ရွယ်၍ ကျင်းပသည့် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅နှစ်မြောက် အခမ်းအနား အား လေးနက်စွာ အသိအမှတ်ပြုသည်ဟုလည်း KPICTက သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။