Connect with us

Hi, what are you looking for?

News

NUG ဦးဆောင်ကျင်းပသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံ၂၄ခုမှ ကိုယ်စားလှယ်များတက်ရောက်

ယနေ့ (ဖေဖော်ဝါရီ ၁၂ရက်)ကျရောက်သည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို အွန်လိုင်းမှကျင်းပခဲ့ရာ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ တက်ရောက်သူများကို မှတ်တမ်းတင်ခြင်း အစီအစဉ်အား အခမ်းအနား မှူးဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုက ဖတ်ကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဦးဆောင်ကျင်းပသည့်ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်ပြည့် အခမ်းအနားသို့ နိုင်ငံ၂၄ခုမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း အခမ်းအနားမှူးက ကြေညာခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီ ၁၂ရက်)ကျရောက်သည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို အွန်လိုင်းမှကျင်းပခဲ့ရာ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ တက်ရောက်သူများကို မှတ်တမ်းတင်ခြင်း အစီအစဉ်အား အခမ်းအနား မှူးဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုက ဖတ်ကြားခဲ့သည်။

“ဒီနေ့အခမ်းအနာကို တက်ရာက်လာသော နိုင်ငံပေါင်း ၂၄နိုင်ငံရှိပါတယ်ရှင်”ဟု ၎င်းက ​ကြေညာသည်။

တက်ရောက်ခဲ့သည့်နိုင်ငံများမှာ ပြင်သစ်၊အိုင်ယာလန်၊ဒိန်းမတ်၊ဆွီဒင်၊ကနေဒါ၊ဂျာမနီ၊ဂျပန်၊ ဥရောပသမဂ္ဂ၊နယူးဇီလန်၊ခရိုအေးရှား၊နော်ဝေ၊ ဆွစ်ဇာလန်၊ အမေရိကန်၊ ဂါနာ၊ပိုလန်၊ လူဇင်ဘတ်၊ ဘယ်လ်ဂျီယံ၊ ဘီလာရု၊ ချက်၊ ဖင်လန်၊ မြောက် အိုင်ယာလန်၊ ဩစတြေးလျ နှင့် တောင်ကိုရီးယား စသည်တို့ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့တက်ရောက်လာတဲကြတဲ့ နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းမှ သဝဏ်လွှာပေးပို့လာတဲ့သုံးနိုင်ငံလည်းရှိပါတယ်”ဟု သရုပ်ဆောင်ပိုင်ဖြိုးသုက ပြောကြားခဲ့ပြီးမည်သည့်နိုင်ငံများ ဖြစ်သည်ကိုမူ ဖတ်ကြားမသွားပေ။

NUGက ဦးဆောင်ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ ပြည်တွင်းရှိ အလွှာအသီးသီးမှ အစုအဖွဲ့များကလည်း သဝဏ်လွှာပေးပို့ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။