Connect with us

Hi, what are you looking for?

News

ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်NUG က အခွန်တံဆပ်​ခေါင်း ငါးမျိုးထုတ်​ဝေမည်

အခွန်တံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် http://ird.nug-mm.net မှတဆင့် ဝယ်ယူနိုင်ကြောင်း လည်း​ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စာချုပ်စာတမ်းပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် အခွန် တံဆိပ်ခေါင်း ၅ မျိုးကို ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ကြောင်း NUG က ယနေ့ထုတ်ပြန်သည်။

၂၀၂၂ဖေဖော်ဝါရီ ၁၂ ရက်သည် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သည့် ပင်လုံညီလာခံ၌ ပင်လုံစာချုပ်ချုပ်ဆိုသည့်မှာ ၇၅ နှစ်မြောက်ခဲ့ပြီး ယင်း အထိမ်းအမှတ်အဖြစ် NUGက တံဆိပ်ခေါင်းများစတင် ထုတ်ဝေရောင်းချပေးခြင်းဖြစ်သည်ဟု NUG၏၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်နှင့် ၅၀၀၀၀ ကျပ်တန်ဟု၍ ငါးမျိုးထုတ်​ဝေမည်ဖြစ်သည်။ထိုတံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့်သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ် မချုပ်ဆိုမီ သို့မဟုတ် စာချုပ်ချုပ်ဆိုချိန်တွင် တံဆိပ်ခေါင်းများကိုကပ်နှိပ်အသုံးပြုသွားရမည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

အခွန်တံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် http://ird.nug-mm.net မှတဆင့် ဝယ်ယူနိုင်ကြောင်း လည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတော်တွင် မြန်မာနိုင်ငံရုံးခွန်အက်ဥပဒေကို ၁၈၇၀ ပြည့်နှစ် အိန္ဒိယအက်ဥပဒေအမှတ် (၇) ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ၁၈၉၉ ခုနှစ် အိန္ဒိယအက်ဥပဒေအမှတ် (၂) ဖြင့်လည်းကောင်း စတင်ပြဌာန်း ကျင့်သုံးခဲ့ခြင်းဖြစ်သည်ဟု NUG၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook