စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ရဲတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟုမ္မလင်း) ထံ ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်)လက်နက်ချ အလင်းဝင်ရောက်လာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်သည်။
အဆိုပါ ရဲတပ်သားထံမှ အူဇီသေနတ်တစ်လက်နှင့် ကျည်ဆံတစ်ရာ လက်ခံရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟုမ္မလင်း)က ဂုဏ်ပြုဆုငွေ ၃၈သိန်း ပေးအပ်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ အတွင်း၌လည်း ချင်းပြည်နယ်၌ စစ်ဗျူဟာအခြေချအဖွဲ့ မတူပီမှ စစ်ကောင်စီတပ်၏ စစ်ရေးအရာရှိ ဗိုလ်တစ်ဦးနှင့် ခလရ(၂၆၈)တပ်သားတစ်ဦးတို့ လက်နက်အပြည့်စုံဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ CNDF ထံ အလင်းဝင်ခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူနှင့်အတူရပ်ပြီး အလင်းဝင်ရောက်လာသည့် စစ်သားနှင့်ရဲ စုစုပေါင်း ၁၅,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။

Public Service Announcement


















































