Connect with us

Hi, what are you looking for?

News

ဖာပွန်-ကမမောင်း-ဘားအံလမ်းပိုင်းကို ကိုဗစ်​ကြောင့် အသွားလာကန့်သတ်

အသွားအလာကန့်သတ်ထားတဲ့ ရက်တွေအတွင်း အရေးပေါ်ကျန်းမာရေးကိစ္စပေါ်ပေါက်လာရင် သွားလာဖို့အတွက် တာဝန်ရှိသူတွေထံ ဆက်သွယ်ဆောင်ရွက်ပြီး သွားလာနိုင်တယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ကိုဗစ်ရောဂါထိန်းချုပ်ကန့်သတ်နိုင်ဖို့အတွက် ဖာပွန်-ကမမောင်း-ဘားအံလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသည်နဲ့ ယာဉ်တွေကို ဇူလိုင် ၁၃ ရက်ကစပြီး အသွားအလာကန့်သတ်တော့မယ်လို့ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ဖာပွန်မြို့ပေါ်မှာ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းတွေ မြင့်မားလာတာကြောင့် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ ဖာပွန် – ကမမောင်း – ဘားအံလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသည်နဲ့ မော်တော်ယာဉ်တွေကို ၁၀ ရက် တစ်ကြိမ်၊ တစ်ကြိမ်ကို ၂ ရက်သာ သွားလာခွင့်ပြုမှာဖြစ်ပါတယ်။

“ဖာပွန်မြို့ပေါ်မှာ ပိုးတွေ့တာတအားများတယ်။ မနက်ဖြန်နောက်ဆုံးနေ့ပေါ့။ ဘားအံ ဖာပွန်အတက်အဆင်းကားတွေကို ၁၀ ရက် တစ်ကြိမ်သာ အတက်အဆင်းလုပ်ကြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားတယ်။ ဥပမာ- လတစ်လရဲ့ ၁၁ ၁၂ ရက်နေ့၊ ၁၉ ၂၀ ရက်နေ့လိုတွေမှာ အတက်အဆင်းပြုလုပ်ကြဖို့ပေါ့” လို့ ဖာပွန်မြို့ခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အသွားအလာကန့်သတ်ထားတဲ့ ရက်တွေအတွင်း အရေးပေါ်ကျန်းမာရေးကိစ္စပေါ်ပေါက်လာရင် သွားလာဖို့အတွက် တာဝန်ရှိသူတွေထံ ဆက်သွယ်ဆောင်ရွက်ပြီး သွားလာနိုင်တယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်မြို့ပေါ်မှာ ကိုဗစ်ရောဂါလူနာဦးရေ ၂၀ ကျော်ရှိပြီး မြို့ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းက ဖာပွန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖာပွန်-ကတိုင်တိ- ကမမောင်းလမ်းပိုင်းကို ၃ လနီးပါးကြာ သွားလာခွင့်တွေ ပိတ်ထားခဲ့ရပြီး မြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေ စက်သုံးဆီတွေ ဈေးနှုန်းအဆမတန် တက်ခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။