Connect with us

Hi, what are you looking for?

News

မန္တလေးလူထုကြောက်လန့်အောင် ရပ်ကွက်အလိုက် ပိတ်ဆို့ပြီး စစ်ကောင်စီ ဆက်တိုက်စစ်ဆေးလာ

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ စိန်ပန်းရပ် ၊ အောင်သာရပ်နဲ့ သင်ပန်းကုန်းရပ်တွေကို အဝင်အထွက်ပိတ်လိုက်ကာ နာရီနဲ့ချီပြီး ရှာဖွေစစ်ဆေးခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မန္တလေးမြို့မှာ လှည့်လည်နေတဲ့စစ်ကောင်စီယာဉ်တန်း ( ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ

မန္တလေးမှာ စစ်ကောင်စီဟာ ရပ်ကွက်အလိုက်တစ်အိမ်တက်ဆင်း ပိတ်ဆို့စစ်ဆေးတာတွေကို ဒီရက်ပိုင်းတွေမှာ ခပ်စိတ်စိတ်လုပ်ဆောင်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ စိန်ပန်းရပ် ၊ အောင်သာရပ်နဲ့ သင်ပန်းကုန်းရပ်တွေကို အဝင်အထွက်ပိတ်လိုက်ကာ နာရီနဲ့ချီပြီး ရှာဖွေစစ်ဆေးခဲ့ပါတယ်။

ဒီလို စစ်ဆေးရာမှာ ဒေသခံတွေရဲ့ ပြောပြချက်အရ ဧည့်စာရင်းတိုင်တာရှိမရှိ ၊ နေအိမ်တွေမှာ တရားဝင်ပါတီအဖြစ်တည်ရှိနေတဲ့ NLD ရဲ့ အမှတ်တံဆိပ်ပစ္စည်းတွေရှိ မရှိကို မေးမြန်းစစ်ဆေးတာတွေလုပ်တယ်လို့သိရပါတယ်။

ဒါအပြင် ဖုန်းတွေမှာ VPN ထည့်သုံးရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာတောင်ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတွေကတော့ ရပ်ကွက်တွေကို ပိတ်ဆို့စစ်ဆေးတာဟာ စစ်ကောင်စီ အလိုရှိနေတဲ့သူတွေ ရှိနေလို့ ရှာဖွေတဲ့ပုံစံမဟုတ်ဘဲ လူထုကို အကြောက်တရားစိုးမိုးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ ပြောကြပါတယ်။

ရပ်ကွက်အလိုက် ပိတ်ဆို့စစ်ဆေးတာကိုလည်း မန္တလေးသပိတ်အင်အားစုက လူငယ်တွေ ဖမ်းဆီးခံရပြီးနောက် လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးသပိတ်အင်အားစု လူငယ် လေးဦး ဖမ်းဆီးခံလိုက်ရတာပါ။

ဒီလို ဖိနှိပ်ခြိမ်းခြောက် ဖမ်းဆီးမှုတွေရှိနေပေမယ့် လည်း ဒီနေ့မနက်ပိုင်းမှာတင် မန္တလေးမှာ လူငယ်တွေစုရုံးပြီး လမ်းပေါ်ထွက်ကာ စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။