Connect with us

Hi, what are you looking for?

News

NUG ကာကွယ်ရေးဝန်ကြီးနှင့် စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ PSPTတို့ တွေ့ဆုံဆွေးနွေး

မွန်းလွဲပိုင်းတွင် စတင်ပြီး ညနေပိုင်းမှ ပြီးဆုံးခဲ့သော အဆိုပါတွေ့ဆုံမှုတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ဝန်ကြီးသည် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ PSPT တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယနေ့တွေ့ဆုံမှုတွင် PSPT တာဝန်ရှိသူက အဖွဲ့အတွင်း လက်ရှိကာလအတွင်း ဆောင်ရွက်နေမှုများကို Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့​ပြီး ဝန်ကြီးဌာနဘက်မှ ညှိနှိုင်းဆောင်ရွက်ရမည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

မွန်းလွဲပိုင်းတွင် စတင်ပြီး ညနေပိုင်းမှ ပြီးဆုံးခဲ့သော အဆိုပါတွေ့ဆုံမှုတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။

PSPTသည် နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်နေပြီး အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့အခွန်ဖြင့်သင်ယူတတ်မြောက်ထားသော စစ်ပညာ၊ လက်နက်ထုတ်လုပ်ရေးကို ပြည်သူ့ကာကွယ် ရေးတွင်ပြန်လည်အသုံးချနေသော တပ်ဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။