Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG ကာကွယ်ရေးဝန်ကြီးနှင့် စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ PSPTတို့ တွေ့ဆုံဆွေးနွေး

မွန်းလွဲပိုင်းတွင် စတင်ပြီး ညနေပိုင်းမှ ပြီးဆုံးခဲ့သော အဆိုပါတွေ့ဆုံမှုတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ဝန်ကြီးသည် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ PSPT တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယနေ့တွေ့ဆုံမှုတွင် PSPT တာဝန်ရှိသူက အဖွဲ့အတွင်း လက်ရှိကာလအတွင်း ဆောင်ရွက်နေမှုများကို Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့​ပြီး ဝန်ကြီးဌာနဘက်မှ ညှိနှိုင်းဆောင်ရွက်ရမည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

မွန်းလွဲပိုင်းတွင် စတင်ပြီး ညနေပိုင်းမှ ပြီးဆုံးခဲ့သော အဆိုပါတွေ့ဆုံမှုတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။

PSPTသည် နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်နေပြီး အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့အခွန်ဖြင့်သင်ယူတတ်မြောက်ထားသော စစ်ပညာ၊ လက်နက်ထုတ်လုပ်ရေးကို ပြည်သူ့ကာကွယ် ရေးတွင်ပြန်လည်အသုံးချနေသော တပ်ဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။