Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပကို စစ်သည် ၇၀၀၀ အားဖြည့် စေလွှတ်ဖို့ အမေရိကန် ဆုံးဖြတ်

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စစ်သည် ၇၀၀၀ ကို ဂျာမနီနိုင်ငံဆီ ပို့ဆောင်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

ယူကရိန်း နိုင်ငံကို ရုရှားက စတင် ကျူးကျော်ပြီး တစ်ရက် အကြာမှာပဲ အမေရိကန်က ဥရောပ မဟာမိတ်တွေဆီ စစ်သည် ဦးရေ ၇၀၀၀ အားဖြည့် ပို့ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စစ်သည် ၇၀၀၀ ကို ဂျာမနီနိုင်ငံဆီ ပို့ဆောင်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီကမှတဆင့် အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေမှာ လုံခြုံရေး အားဖြည့်ဖို့ ဖြန့်ကျက် သွားရောက်ကြမှာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ဟာ ဥရောပက NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေအတွက် လုံခြုံရေးအရ စိန်ခေါ်မှုအသစ် ဖြစ်လာပါတယ်။ အခြေအနေတွေ ဆိုးလာရင် ဥရောပကို အမေရိကန် တပ်ဖွဲ့တွေ စေလွှတ်ဖို့ အခုနှစ် အစောပိုင်း ကတည်းက ကြိုတင် စဉ်းစား ပြင်ဆင်ထားတယ်လို့ အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောပါတယ်။

ဥရောပကို သွားရောက်မယ့် တပ်ဖွဲ့ဝင် အများစုဟာ သံချပ်ကာ ယန္တရားတပ်တွေ အားဖြည့်ထားတဲ့ ခြေလျင်စစ်သည်တွေ ဖြစ်တယ်လို့ အဲဒီ အမည်မဖော်ပြတဲ့ အရာရှိက ဆိုပါတယ်။ အမေရိကန် စစ်သားတွေဟာ ဂျာမနီကို ရက်ပိုင်းအတွင်း ရောက်ရှိမယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပကို တပ်တွေ မထွက်ခွာခင်မှာ သမ္မတ ဘိုင်ဒန်ကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ အမေရိကန်ဟာ ရုရှားကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေ ပိုမို မြှင့်တင်ပြီး ဖိအားပေးဖို့လည်း ဆက်လက် ဆောင်ရွက်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။