Connect with us

Hi, what are you looking for?

News

မြန်မာဘီယာအပါအဝင်စစ်တပ်ထုတ်ကုန်များ​ရောင်း​​သောစား​သောက်ဆိုင်နှင့်​ဈေးဆိုင်များကိုပြည်သူများသတင်း​ပေးရန်YUGထုတ်ပြန်

ရန်ကုန်မြို့၌ မြန်မာဘီယာ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ ဆက်လက် ရောင်းဝယ်ခြင်း မပြုလုပ်ရန် YUGက ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မြန်မာဘီယာအပါအဝင်စစ်တပ်ထုတ်ကုန်များရောင်းချသည့် စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို ပြည်သူများက သတင်းပေး တိုင်ကြားရန် Yangon Urban Guerrillas-YUG(ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့)က ယနေ့ထုတ်ပြန်လိုက်သည်။

မြန်မာဘီယာ ကဲ့သို့သော စစ်တပ်ထုတ်ကုန်များသည် အာဏာရှင်သက်ဆိုးရှည်စေမည့် ထောက်တိုင်များဖြစ်ပြီး ဆက်လက်ရောင်းချ၊ ဝယ်ယူနေသူများကို ဖက်ဆစ်အားပေးများအဖြစ် သတ်မှတ်ပြီး အရေးယူမည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုသို့ရောင်းချသည့် စားသောက်ဆိုင်များ၊ စတိုးဆိုင်များကို ပြည်သူများက တွေ့ရှိခဲ့လျှင် အထောက်အထားနှင့်တကွYUG ၏​ဖေစ်ဘွခ်နှင့် တယ်လီဂရန်သို့ တိုင်ကြား​ပေးရန်နှင့် တင်ပြလာသော အထောက်အထားများကို အခြေခံပြီးYUGတို့က ဆက်လက်အရေးယူသွားမည်ဟုဆိုသည်။

တိုင်ကြားရာတွင် ဆိုင်အမည်၊ လိပ်စာနှင့် အထောက်အထားများကို တောင်းခံသည်။ထိုအပြင် YUGက သီးခြားမေးမြန်းသည့် မေးခွန်းတချို့ကိုလည်း ဖြေကြား​ပေးရသည်ဟုကိုယ်တိုင် တိုင်ကြားခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာဘီယာရောင်းချသည်ဟု သတင်းအခိုင်အမာရထားသည့် ဆိုင်များကိုလည်း သတိပေးစာပေးပို့ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုဆိုင်များသည် မြန်မာဘီယာဆက်လက်ရောင်းချမည်မဟုတ်ကြောင်း အာမခံတင်ပြရမည်ဟုသိ့ရသည်။

ပြည်သူများ၏ စုပေါင်းအင်အားဖြင့် စတင်ခဲ့သော နွေဦးတော်လှန်ရေးသည် ပြည်သူများ အင်တိုက်အားတိုက် ဆက်လက်ပါဝင်ပါက မကြာခင် အောင်ပွဲဆင်နိုင်တော့မည်ဟု YUGကထုတ်ပြန်ထားသည်။

ရန်ကုန်မြို့၌ မြန်မာဘီယာ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ ဆက်လက် ရောင်းဝယ်ခြင်း မပြုလုပ်ရန် YUGက ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မြန်မာဘီယာ ရောင်းချနေမှုကို သတိပေးခြင်းအဖြစ် ရန်ကုန်မြို့ ရှိ မြို့နယ် ကိုးခုရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် ၁၅ ဆိုင်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် YUGကသတိပေးဖောက်ခွဲမှုများ ပြုလုပ် ခဲ့သည်။ ထိုသို့သတိ​ပေးဖောက်ခွဲရာတွင် လူထိခိုက်မှုများ မရှိအောင် ဆိုင်အနီးအနားတွင်သာ ပြုလုပ်ခဲ့ကြောင်းနှင့် မြန်မာဘီယာကို ဆက်လက် ရောင်းချနေပါက အကြမ်းဖက် စစ်တပ်ကို အားပေးအားမြှောက် ပြုသည့် ဖက်ဆစ်ထောက်တိုင်များ အဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း YUGကသတိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။