Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲမှာ ဘီလားရုစ် ပါဝင်လာပြီလို့ ယူကရိန်း အတည်ပြု

ဘီလားရုစ်ဟာ ရုရှားရဲ့ ကာလရှည်ကြာ စစ်ရေး မဟာမိတ်ဖြစ်ပြီး ရုရှားတပ်တွေ ယူကရိန်းကို စတင် ဝင်ရောက်ရာမှာလည်း ဘီလားရုစ်ကို ခြေကုပ်စခန်း အနေနဲ့ အသုံးချခဲ့ပါတယ်။

ကျူးကျော်သူ ရုရှားဖက်ကနေ ဘီလားရုစ် စစ်တပ်လည်း ပါဝင် တိုက်ခိုက်ပေးနေပြီလို့ ယူကရိန်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ယူကရိန်းနဲ့ နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေတဲ့ ဘီလားရုစ်ဟာ ယူကရိန်းနိုင်ငံ မြောက်ပိုင်းကို စစ်တပ်တွေ စတင် ဝင်ရောက်စေခဲ့ကြောင်း သိရပါတယ်။ ယူကရိန်း လွှတ်တော်က မတ်လ ၁ ရက်၊ Twitterပေါ် ရေးသားထားရာမှာ နိုင်ငံမြောက်ပိုင်း ချာနီဟစ်ဗ် ဒေသကို ဘီလားရုစ် စစ်တပ်တွေ စတင် ဝင်ရောက်နေပြီလို့ ဖော်ပြထားပါတယ်။

ဘီလားရုစ်ဟာ ရုရှားရဲ့ ကာလရှည်ကြာ စစ်ရေး မဟာမိတ်ဖြစ်ပြီး ရုရှားတပ်တွေ ယူကရိန်းကို စတင် ဝင်ရောက်ရာမှာလည်း ဘီလားရုစ်ကို ခြေကုပ်စခန်း အနေနဲ့ အသုံးချခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကိယက်ဗ် မြို့တော်ဆီ မိုင် ၄၀ လောက် ရှည်လျားတဲ့ ရုရှား စစ်ယာဉ်တန်းကြီး ချဉ်းကပ် ချီတက်လာချိန်မှာပဲ ဘီလားရုစ် တပ်တွေကပါ ကိယက်ဗ် မြောက်ပိုင်းကို စတင် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူပါ။ သူဟာ မကြာသေးခင်က ဘီလားရုစ်ရဲ့ နျူကလီးယား ကင်းစင်နယ်မြေအဖြစ် ရပ်တည်မှုကို ပယ်ဖျက်စေခဲ့ပြီး ရုရှား နျူကလီးယား ထိပ်ဖူးတွေ ပြည်တွင်းမှာ ပြည်တွင်းမှာ လာရောက် ဖြန့်ကျက်နိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။

အစောပိုင်းတုန်းက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ လူကာရှန်ကိုနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး အဲဒီအချိန်မှာ ဘီလားရုစ် ခေါင်းဆောင်က သူ့အနေနဲ့ စစ်ပွဲကို လုံးဝ ပါဝင် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ကတိပြုခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။