Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စစ်ပွဲမှာ ဘီလားရုစ် ပါဝင်လာပြီလို့ ယူကရိန်း အတည်ပြု

ဘီလားရုစ်ဟာ ရုရှားရဲ့ ကာလရှည်ကြာ စစ်ရေး မဟာမိတ်ဖြစ်ပြီး ရုရှားတပ်တွေ ယူကရိန်းကို စတင် ဝင်ရောက်ရာမှာလည်း ဘီလားရုစ်ကို ခြေကုပ်စခန်း အနေနဲ့ အသုံးချခဲ့ပါတယ်။

ကျူးကျော်သူ ရုရှားဖက်ကနေ ဘီလားရုစ် စစ်တပ်လည်း ပါဝင် တိုက်ခိုက်ပေးနေပြီလို့ ယူကရိန်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ယူကရိန်းနဲ့ နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေတဲ့ ဘီလားရုစ်ဟာ ယူကရိန်းနိုင်ငံ မြောက်ပိုင်းကို စစ်တပ်တွေ စတင် ဝင်ရောက်စေခဲ့ကြောင်း သိရပါတယ်။ ယူကရိန်း လွှတ်တော်က မတ်လ ၁ ရက်၊ Twitterပေါ် ရေးသားထားရာမှာ နိုင်ငံမြောက်ပိုင်း ချာနီဟစ်ဗ် ဒေသကို ဘီလားရုစ် စစ်တပ်တွေ စတင် ဝင်ရောက်နေပြီလို့ ဖော်ပြထားပါတယ်။

ဘီလားရုစ်ဟာ ရုရှားရဲ့ ကာလရှည်ကြာ စစ်ရေး မဟာမိတ်ဖြစ်ပြီး ရုရှားတပ်တွေ ယူကရိန်းကို စတင် ဝင်ရောက်ရာမှာလည်း ဘီလားရုစ်ကို ခြေကုပ်စခန်း အနေနဲ့ အသုံးချခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကိယက်ဗ် မြို့တော်ဆီ မိုင် ၄၀ လောက် ရှည်လျားတဲ့ ရုရှား စစ်ယာဉ်တန်းကြီး ချဉ်းကပ် ချီတက်လာချိန်မှာပဲ ဘီလားရုစ် တပ်တွေကပါ ကိယက်ဗ် မြောက်ပိုင်းကို စတင် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူပါ။ သူဟာ မကြာသေးခင်က ဘီလားရုစ်ရဲ့ နျူကလီးယား ကင်းစင်နယ်မြေအဖြစ် ရပ်တည်မှုကို ပယ်ဖျက်စေခဲ့ပြီး ရုရှား နျူကလီးယား ထိပ်ဖူးတွေ ပြည်တွင်းမှာ ပြည်တွင်းမှာ လာရောက် ဖြန့်ကျက်နိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။

အစောပိုင်းတုန်းက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ လူကာရှန်ကိုနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး အဲဒီအချိန်မှာ ဘီလားရုစ် ခေါင်းဆောင်က သူ့အနေနဲ့ စစ်ပွဲကို လုံးဝ ပါဝင် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ကတိပြုခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။