Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာရှင် လုပ်ရပ်အတွက် ပေးဆပ်ရမယ်လို့ ပူတင်ကို ဘိုင်ဒန် သတိပေး

မတ်လ ၁ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ ဘိုင်ဒန်က ပူတင်ဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို လျှော့တွက်လွန်းလို့ ယူကရိန်းကို ကျူးကျော်ခဲ့တာဖြစ်ကြောင်း၊ ပူတင်ရဲ့ တွက်ကိန်း ဘယ်လောက် လွဲသလဲဆိုတာ အမေရိကန်က ပြသမှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။

အာဏာရှင် တစ်ယောက်ဟာ သူ့ရဲ့ လုပ်ရပ်တွေအတွက် သေချာပေါက် ပြန်ပေးဆပ်ဖို့ လိုတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သတိပေး ပြောကြားသွားပါတယ်။

မတ်လ ၁ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ ဘိုင်ဒန်က ပူတင်ဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို လျှော့တွက်လွန်းလို့ ယူကရိန်းကို ကျူးကျော်ခဲ့တာဖြစ်ကြောင်း၊ ပူတင်ရဲ့ တွက်ကိန်း ဘယ်လောက် လွဲသလဲဆိုတာ အမေရိကန်က ပြသမှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။

လွန်ခဲ့တဲ့ ၆ ရက်လောက်မှာ ပူတင်ဟာ ကမ္ဘာကြီးရဲ့ လွတ်လပ်ရေး အခြေခံ အုတ်မြစ်ကို ကိုင်လှုပ်ဖို့ စတင် လုပ်ဆောင်ခဲ့ကြောင်း၊ သူက ဒီလို တရားလက်မဲ့ ကိစ္စမျိုးကို ခပ်လွယ်လွယ် လုပ်ဆောင်လို့ ရမယ်လို့ ထင်နေဟန်ရှိကြောင်း၊ ဒါပေမဲ့ ပူတင်ရဲ့ တွက်ဆမှုဟာ အကြီးအကျယ် လွဲချော်နေကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

ယူကရိန်း ပြည်သူတွေဟာ ပူတင် ဘယ်လိုမှ မျှော်လင့်မထားခဲ့တဲ့ စိတ်ဓာတ် ခွန်အားမျိုးကို ပြသနေတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ ဒါ့အပြင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ယူကရိန်း ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အကြောက်တရား ကင်းမဲ့မှုတွေဟာ တစ်ကမ္ဘာလုံးကို လေးစား အားကျစေခဲ့တယ်လို့လည်း အမေရိကန် သမ္မတက ချီးကျူးသွားပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်က အမေရိကန်နဲ့ NATO မဟာမိတ်တွေဟာ ယူကရိန်းနဲ့အတူ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ အာဏာရှင်တွေဟာ သူတို့ရဲ့ ရန်လိုရက်စက်တဲ့ လုပ်ရပ်တွေအတွက် ပြန်မပေးဆပ်ရဘူးဆိုရင် ပိုပြီး ဆိုးသွမ်းလာတတ်တာ တွေ့ရကြောင်း၊ ဒါမျိုး နောက်ထပ် အဖြစ်ခံလို့ မရကြောင်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ အသားလွတ် ရန်လို တိုက်ခိုက်မှုကို လွတ်လပ်ရေး ချစ်မြတ်နိုးတဲ့ ကမ္ဘာ့နိုင်ငံ အားလုံးက အမေရိကန်နဲ့အတူ ရပ်တည်ပြီး ဆန့်ကျင်နေမှာ ဖြစ်တယ်လို့လည်း ဘိုင်ဒန်က ဆိုတယ်။ ပူတင်ဟာ တွေးထားသမျှ အကုန်လွဲခဲ့ကြောင်း၊ အမေရိကန်နဲ့ မိတ်ဆွေ နိုင်ငံတွေဟာ ရုရှားကို တုံ့ပြန်ဖို့ အလုံးစုံ အဆင်သင့် ဖြစ်နေကြောင်းလည်း ဘိုင်ဒန်က သတိပေးသွားပါတယ်။

ပြီးတော့ အမေရိကန်မှာလည်း နိုင်ငံရေးအမြင် ကွဲပြားမှုတွေကို ခဏမေ့ထားပြီး ယူကရိန်းနဲ့အတူ အားလုံး တစ်သားတည်း ရပ်တည်ပေးဖို့လည်း လွှတ်တော်မှာ ပြောကြားတဲ့ ညီညွတ်ရေး မိန့်ခွန်းမှာ ဘိုင်ဒန်က ထည့်သွင်း တိုက်တွန်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ