စစ်ကိုင်းတိုင်း မုံရွာမြို့တွင်း မီးပွိုင့်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကင်းတဲတစ်ခုအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Unity Force Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(မတ်လ ၂ ရက်) ညနေ ၆နာရီ ၁၅မိနစ်အချိန်က မုံရွာမြို့ ရေကူးကန်လမ်းဆုံ မီးပွိုင့်ကင်းတဲရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များအား ညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေအရ ထိခိုက်မှုအခြေအနေမသိရသေးကြောင်း Unity Force Monywa အဖွဲ့တာဝန်ရှိသူက ပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅နာရီခွဲကလည်း မဟာမိတ်အဖွဲ့များပူးပေါင်းကာ အာဇာနည်လမ်း၊ ရန်ကင်းမီးပွိုင့်နှင့် မြို့ပတ်လမ်းဆုံ အစရှိသည့်သုံးနေရာအား အသံမိုင်းများဖြင့် ဖောက်ခွဲခြင်းများပြုလုပ်ခဲ့ကြောင်း Unity Force Monywaက အသိပေးသည်။
“စကစတွေက ဒီနေရာမှာမဟုတ်ဘူး တခြားနေရာတွေမှာလည်း ပြည်သူတွေကိုဒုက္ခတွေပေးတယ်။ ကျွန်တော်တို့က ဘယ်နယ်ထိထိ စကစတွေကို ချေမှုန်းဖို့ပဲ။ ပြည်သူတွေမထိခိုက်အောင်လည်း ကျွန်တော်တို့ကသတင်းတွေကိုထုတ်ပြန်တယ်။ စကစမှန်သမျှကိုလည်းတိုက်ခိုက်တယ်”ဟု Unity Force Monywa တာဝန်ရှိသူကပြောသည်။

Public Service Announcement
ယနေ့နံနက်ပိုင်းက မုံရွာမြို့ ချင်းတွင်းရတနာစျေးအနီးတွင် စစ်ကောင်စီသတင်းပေး အရာခံကတော် ဒေါ်စန္ဒာအား စျေး၀ယ်လာရင်း နံနက် ၁၁နာရီ၄၀မိနစ်ခန့်က သေနတ်ဖြင့် ၆ချက်ပစ်ခတ်ခံရပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အရာခံကတော်သည် တော်လှန် ရေးတပ်သားများ၏ သတင်းများကို စစ်ကောင်စီ အလိုကျသတင်းပေးနေ၍ ဒေါ်စန္ဒာအား ပြည်သူ့သစ္စာ ဖောက်တို့ သွားရာလမ်းသို့ ပို့ဆောင်လိုက်ကြောင်း အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုမှ ကြေညာချက် ထုတ်ပြန်ထားသည်။


















































