Connect with us

Hi, what are you looking for?

News

လေတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ပြည်သူနှင့်ပူး​​ပေါင်းလာ

“သူတို့ဟာ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်”ဟု ပြည်သူ့ပန်းတိုင်က အသိပေးသည်။

▪️တပ်သားသီဟနိုင် လက်နက်နှစ်လက်နှင့်အတူ ပူး​ပေါင်းလာပြီး ၎င်းတို့ကို လွတ်​မြောက်နယ်​မြေသို့ ပို့​ဆောင်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လေတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့ အမ်အေ-၃ သေနတ် (၂)လက်နှင့်အတူ CDM ပြုလုပ်ကာ ပြည်သူနှင့်အတူ ရပ်တည်လာကြောင်း CDM တပ်မတော်သားများဖြင့်ဖွဲ့စည်းထားသည့် ပြည်သူ့ပန်းတိုင်က ယနေ့ (မတ်လ ၃) ထုတ်ပြန်သည်။

“ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ/စစ်သည်များဟာ မိမိတို့ ဂုဏ်သိက္ခာ၊ မိမိတို့ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်လာမှုများ တဖြည်းဖြည်း ပိုမိုများပြားလာနေပါတယ်”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။

CDM ပြုလုပ်လာသည့် လေတပ်မှအရာရှိ ဗိုလ်ကြီးမုတ်သုံသည် ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်း​ကောင်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်သားသီဟနိုင်သည် အမ်အေ-၃ သေနတ် (၂)လက်နှင့်အတူ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း​ကောင်း CDM ပြုလုပ်ကာ ပြည်သူ့နှင့်အတူရပ်တည် ကူးပြောင်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့ဟာ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်”ဟု ပြည်သူ့ပန်းတိုင်က အသိပေးသည်။

ထို့အတူ ယမန်နှစ်ကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခဲစွာ ပုန်းရှောင်နေခဲ့ရသည့် တပ်ကြပ်ကြီးနောင်ရိုးကိုလည်း ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေတခုကို ကူညီပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။

CDM ပြုလုပ်လာသည့် လေတပ်အရာရှိနှင့်တပ်သားများကို ပြည်သူ့ပန်းတိုင်အဖွဲ့က ပြည်သူလူထုနှင့် မကြာမီ မိတ်ဆက်ပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နိုင်ငံတစ်ဝှမ်း လေကြောင်းမှတဆင့် အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်နေမှုများအပေါ် မကျေနပ်၍ စစ်ကောင်စီလေတပ်မှ CDM ပြုလုပ်လာသူ ၁၀၀ ကျော်ရှိပြီဖြစ်ကာ ထိုအနက် ပထမဆုံး CDM အရာရှိဗိုလ်ကြီး ဇေသူအောင်သည် ပြည်သူ့ကာ ကွယ်ရေးတပ်- ဒီးမော့ဆို (DMO- PDF) တပ်ရင်း – ၁ နှင့်ချိတ်ဆက်ပြီး ဖေ‌ဖော်ဝါရီ ၁၆ ရက်က ပြည်သူ့ဘက် ရပ်တည်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။