Connect with us

Hi, what are you looking for?

သတင်း

မြ၀တီမြို့အနီးတိုက်ပွဲတွေမှာ အထိနာတဲ့ စစ်တပ်ကတပ်သား အလင်းဝင်လာမှုများပြားနေဟု ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

( လက်နက်နဲ့အတူအလင်းဝင်လာတဲ့ စစ်သား​တွေကို ​တော်လှန်​ရေးတပ်မှ တာဝန်ရှိသူ​တွေကလက်ခံစဥ်။ ဓာတ်ပုံ - ကိုနေတိုး/FB)

ဩဂုတ် ၄၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ဖြစ်တဲ့ မြ၀တီမြို့နယ် ဖလူးဒေသကို ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU / KNLA ဦးဆောင်၍ ဗျူဟာ – ၃၂၊ မဟာမိတ် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်က စစ်ဆင်ရေး ထိပ်ပိုင်းဦးဆောင်အရာရှိတွေ အပါအဝင် သေဆုံးထိခိုက်မှုများစွာ ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲများအတွင်း စစ်တပ်ထံခက ယမ်းမီးကျောက်များ သိမ်းဆည်းရရှိတာ၊ တပ်သားများဖမ်းရတာနဲ့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်တာ ရှိကြောင်း ဖော်ပြထားပြီး အရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

“တပ်သားများ အလင်းဝင်ခြင်းတွင် စစ်မြေပြင် အနိဋ္ဌာရုံများစွာတို့ထက် နေပြည်တော်အမိန့်၊ အာဏာရှင်စနစ်အောက်တွင် စစ်ကျွန်တာဝန်များကို မထမ်းဆောင်လိုတော့သည့် တပ်သားများ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များထံတွင် လက်နက်ချ အညံ့ခံခြင်းဖြစ်သည်” လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

လက်နက်ချ အလင်းဝင်လာသူများ၊ စစ်သုံပန်းများကို စစ်ဥပဒေ၊ စည်းကမ်းများနဲ့အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာရှင်စစ်တပ် စနစ်အောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်တာဝန် မထမ်းဆောင်လိုတော့တဲ့ တပ်သားတွေကို ကြိုဆိုကြောင်းဖော်ပြပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ဖို့ တိုက်တွန်းထားပါတယ်။

မြ၀တီဒေသ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီဘက်က မြေပြင်မှ လူအင်အား အလွန်အကျွံသုံး စစ်ကြောင်းများထိုးနေတာအပြင် မြဝတီမြို့အနီးတစ်ဝိုက်ရှိ တပ်ရင်း/တပ်စခန်းများမှ နည်းပညာမြင့် Drone များသုံးတာ၊ ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်သော တာဝေးပစ် (ဒုံးပျံ/ဒုံးကျည်) များသုံးတာ၊ အဆင့်မြင့် တိုက်လေယာဉ်များနဲ့ အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်တာ၊ ဓာတုဗုံးများ၊ လက်နက်ကြီး/လက်နက်ငယ်မျိုးစုံနဲ့ စစ်ဘက်ဆိုင်ရာသုံး နည်းပညာမြှင့်တင်ထားသော ကိရိယာများပါ အသုံးပြု တိုက်ခိုက်တာတွေရှိတယ်လို့ လည်းထုတ်ပြန်ပါတယ်။

စစ်တပ်ဘက်က မြေပြင်၊ ဝေဟင် ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေပေမယ့်အထိနာကာ စစ်ရေးအရ အရေးနိမ့်နေတဲ့ အခြေအနေဖြစ်တယ်လို့ ဖော်ပြပါတယ်။

အဲဒီလို အထိခိုက်ကျဆုံး များခြင်းကြောင့် စစ်ဆေးခန်းများ၊ စစ်ဆေးရုံများအပြင် မြို့ပေါ်ရှိ အရပ်သားဆေးရုံ တွေမှာလည်း စစ်ကောင်စီ တပ်သားတွေ ဆေးဝါးကုသ ခံယူနေရတယ်လို့ အသိပေးပါတယ်။

KNUရဲ့ မနေ့က ထုတ်ပြန်ချက်မှာလည်း တပ်မဟာ(၆)နယ်မြေ ဒေါနတောင်တန်းအရှေကမ်းမှာ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဩဂုတ် ၃ရက်မှာ တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၂၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဒါဘော ဦးဆောင်တဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ခမရ(၂၀၃) က ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတကြောင်းလုံး ပြုတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်တပ်အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရကြောင်းမှတ်တမ်းတွေ ဖော်ပြ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်တွင်းဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရတဲ့ တပ်သားတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိ တို့ရဲ့ အသက်အန္တရာယ်နဲ့ အနာဂတ်ကို ကာကွယ်နိုင်ဖို့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ကြဖို့လည်း KNUက ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်မှ စစ်ရေးအရ အရေးနိမ့်ချိန်တွင် အရပ်သား လူနေအိမ်ခြေနဲ့ ဒေသန္တရနေရာများ ပျက်စီးဆုံးရှုံးစေရေး ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား နေသလို ဒေသအသီးသီးရှိ အရပ်သားပြည်သူများကို ပေါ်တာဆွဲတာ၊ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းတာ ပြုလုပ်ပြီး လူအင်အား ဖြည့်တင်းနေလို့ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ပစ်မှတ်မဖြစ်အောင် အထူးသတိပြုနေထိုင်ကြဖို့လည်း ကျားသစ်နက်စစ်ကြောင်းက မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။