Connect with us

Hi, what are you looking for?

News

ဒီမောဆိုမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်နေ

ဒီမော့ဆိုမြို့နယ် စီလီဒုန်းရွာသို့ စစ်ကောင်စီတပ်များမှ တင့်ကားများ၊ လက်နက်ကြီးပစ်ကူများ အသုံးပြု ၍ အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာနေသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေ၍ ဒီးမော့ဆိုမြို့နယ် စီလီဒုန်း​ကျေးရွာ တွင် ယနေ့(မတ်လ ၃ရက်)နံနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဒီမော့ဆိုမြို့နယ် စီလီဒုန်းရွာသို့ စစ်ကောင်စီတပ်များမှ တင့်ကားများ၊ လက်နက်ကြီးပစ်ကူများ အသုံးပြု ၍ အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာနေသည်ဟု ဆိုသည်။

တင့်ကားနှင့်လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်၊DMO PDF တပ်ရင်း ( ၁ ) ၊LOIKAW PDF ၊ KNDF ၊ KA နှင့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်များမှ ခုခံကာကွယ်တိုက်ခိုက်လျှက်ရှိကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ်ကို နယ်မြေစိုးမိုးနိုင်ရေး အင်အား အများအပြား ဖြည့်တင်းလာနေ၍ စစ်ဘေးရှောင် ပြည်သူများလာသည့်အပြင် စစ်ရှောင်စခန်းရှိ ပြည်သူများလည်းဘေးလွတ်ရာသို့ ထပ်ဆင့်တိမ်းရှောင်နေရကြောင်း ဒီးမော့ဆိုPDF၏ မတ်လ ၂ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော