Connect with us

Hi, what are you looking for?

News

မန္တလေး မှာ ဗကသ ကျောင်းသား နှစ်ဦးနဲ့ CDM ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးချိန် လမ်းမပေါ်ကနေ ဖုန်းနဲ့ ဗီဒီယို ရိုက်သူကို သေနတ်နဲ့ပစ်သတ်၊သေနတ်ဝင်လုလို့ ကျည်ထွက်သွားတာလို့ စစ်ကောင်စီသတင်းဖြန့်ထား

မန္တလေးပညာရေးဒီဂရီကောလိပ် ဗကသ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး နဲ့ စဉ့်ကိုင် မကွေးတရာကျေးရွာ မူလွန်ကျောင်းဆရာ တစ်ဦး တို့ ရောက်နေတဲ့ နေအိမ်တစ်အိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ ၊အမရပူရမြို့နယ် မှန်တန်းရပ်မှာ ဗကသ ကျောင်းသား နှစ်ဦးနဲ့ CDM ဆရာတစ်ဦး ဖမ်းဆီးခံရချိန်မှာ ဗီဒီယို ရိုက်တဲ့အမျိုးသား ဟာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

ဒီဖြစ်ရပ်ဟာ မတ်လ ၂ ရက် ညနေ ၄ နာရီလောက်က ဖြစ်ခဲ့တာပါ။

မန္တလေးပညာရေးဒီဂရီကောလိပ် ဗကသ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး နဲ့ စဉ့်ကိုင် မကွေးတရာကျေးရွာ မူလွန်ကျောင်းဆရာ တစ်ဦး တို့ ရောက်နေတဲ့ နေအိမ်တစ်အိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။

ဒီလို ဖမ်းဆီးတာကို လမ်းမပေါ်ကနေ အမျိုးသားတစ်ဦးဟာ ဖုန်းနဲ့ ဗီဒီယို ရိုက်ကူးတယ်ဆိုကာ စစ်ကောင်စတပ်တွေက ပစ်ခတ်တာကြောင့်နေရာမှာတင်သေဆုံးသွားတယ်လို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေဆီက တဆင့်သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ အဲဒီအမျိုးသားဟာ သေနတ်ဝင်လုလို့ ကျည်ထွက်ပြီး သေသွားတာလို့ သတင်းဖြန့်ထားပါတယ်။

ဒါအပြင် ရဲတစ်ဦးလည်း လက်ကိုသေနတ်မှန်သွားတယ်လို့ဆိုပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။